အပိုင်း _ ၁၆

1.2K 48 1
                                    

" ကိုကိုရေ......ကိုကို ခဏလေး....ခဏလေး...... "

ဓူဝံ ကားပေါ်တက်ထိုင်ပြီး တစ်လက်စတည်း
မနက်ပိုင်း အစည်းအဝေးအတွက် စာရွက်
စာတမ်းတွေကို လှန်လှောဖတ်လိုက်တာကြောင့် ရွှေထူးက ကားလေးကိုမောင်းထွက်
ဖို့ ကားဘီးလေးလိမ့်ကာစရှိသေး အိမ်ထဲက အပြေးအလွှား အော်ရင်းထွက်လာတဲ့ ကြယ်ကလေးကြောင့် ကားလေးကတုံ့ကနဲ ရပ်သွားခဲ့ရသည်။

" ဟူး.... ရပြီ အစ်ကို မောင်းတော့..... ကိုကို ဟိုဘက်နည်းနည်းတိုးဦး..... "

ကားနောက်ခန်းမှာ အပြေးအလွှားတက်ထိုင်ပြီး ရှေ့ခန်းကရွှေထူးကိုပြုံးကာပြောရင်း ဘေးက ဓူဝံ့ကိုလဲ တစ်ဖက်ခုံအထိရောက်အောင်တွန်းထုတ်လိုက်သေးသည်။

" တန့်တန့်လေးရော ကိုကို..... "

" ကျောင်းကိုသွားတာ ကြာပြီလေ.... "

" သြော် ဟုတ်လား.... "

ဓူဝံ သူမကိုအကဲခတ်သလိုကြည့်လိုက်ပေ
မယ့် သူမက ကာလာစုံလှိုင်းတွန့်အကြီးအဆင်နဲ့ ပုဝါတစ်ထည်ကိုခေါက်ကာ ပြန့်ကျနေတဲ့ ဆံပင်တွေကို စုစည်းနေရင်း....

" ကိုကို ဒီမနက် အစည်းအဝေးရှိတာကို ဘာလို့ ကလေးကို နှိုးမပေးခဲ့တာလဲ...... "

" အဲ့ဒါက.... ညက အသောက် များ သွားတယ် မဟုတ်လား.... ထနိုင်မယ် မထင်လို့လေ...."

ဓူဝံ အထစ်ထစ်အငေါ့ငေါ့ ဖြေရင်းသူမကို အကဲခတ်သလိုကြည့်လိုက်တော့ သူမက အံ့သြတကြီး လှည့်ကြည့်လာပြီး.....

" ကလေး ညက သောက်လာတာ ကိုကို ဘယ်လိုလုပ်သိတာလဲ..... "

" မသိပဲနေမလား.... ညက ဘယ်လောက်တောင်...... "

" ဘယ်လောက်တောင် ဘာဖြစ်လို့လဲ.... ကလေး ညက မူးပြီးရစ်သေးလို့လား.... ဘုရားရေ ဘာလို့ မမှတ်မိတာပါလိမ့်..... "

သူမ ခေါင်းကိုသူမလက်နဲ့ ခပ်ဖွဖွထုရင်း တီးတိုးရေရွတ်နေတာကြောင့် ဓူဝံသူမကို ထပ်ကြည့်လိုက်မိပြန်သည်။

သူမ တကယ်ပဲ ညက ကိစ္စတွေကို မမှတ်မိတော့တာလား....

" ကိုကို.... ညကလေ...... "

" ဟင်... ညကဘာဖြစ်လဲ.... ညက..... ညက...... "

" သြော် ကလေးကို ဘယ့သူအိမ်ပြန်လာပို့တာလဲ သိလိုက်လားလို့ မေးမလို့ပါ...... "

ဓူဝံရပ်က ကြယ်ကလေး ( Complete ) ( ဓူဝံရပ္က ၾကယ္ကေလး )Where stories live. Discover now