အပိုင်း _ ၁၁

1.1K 56 3
                                    


" တန့်တန့် အိပ်သွားပြီလား "

အခန်းဝကနေ  ခပ်တိုးတိုးမေးလိုက်တဲ့ကိုကို့အသံကြောင့် ကြယ်လေး နှုတ်ခမ်းထက်မှာလက်ညှိုးလေးဖြတ်တင်လိုက်ကာ....

" ရှူး.... တန့်တန့်လေး အခုမှအိပ်ပျော်သွားတာ.....စကားမပြောနဲ့ကိုကို..... "

" သြော်.... "

" ကိုကို.... "

" ဟင်.... "

ကြယ်လေး လက်ညှိုးလေးမြှောက်ကာ အပေါ်ဘက်ကို ထိုးပြလိုက်တော့ ခဏတာကြောင်သွားပြီးမှ ကိုကိုက အဓိပ္ပါယ်ပေါက်သွားပြီး ဖျတ်ကနဲရယ်လိုက်ရင်း ခေါင်းညိတ်လိုက်သည်။

>>>>>>>>>>

" ကိုကိုက ဒီနေရာက်ို မှတ်မိသားပဲ..... "

" ဒါပေါ့...ဒါက ကိုယ်တို့ရဲ့ လျို့ဝှက်နေရာပဲဟာ.... "

လေတဟူးဟူး တိုက်နေတဲ့ အိမ်အပေါ်ဆုံးထပ် ဝရန်တာမှာအတူယှဥ်ရပ်ရင်း တစ်ချိန်
က ကြယ်လေးဝမ်းနည်းစရာတွေကြုံလာလို့ အိပ်ယာထဲမှာ တိတ်တိတ်လေးခိုးပြီးငိုတိုင်း ကိုကိုက ဒီနေရာကို ခေါ်လာတတ်သည်ကို
အမှတ်ရမိသွားသည်။

" ကိုကို အဆင်ရောပြေရဲ့လား..... "

ပင်ပန်းနွမ်းနယ်နေဟန်ဖြင့် မျက်နှာမကောင်းသည့်ကိုကို့ကို ကြည့်ကာ ကြယ်လေး မေးလိုက်တော့ ကိုကိုက အဝေးကိုငေးရင်း....

" အဆင်ပြေတယ်လို့ပြောရမလား မပြေဘူးလို့ပြောရမလားတောင် မသိတော့ပါဘူး..... "

" ....."

တိတ်ဆိတ်သွားတဲ့ ကြယ်လေးဘက်ကိုသူ
လှည့်ကြည့်လိုက်တော့ သူမက အဝေးကိုရီဝေစွာငေးနေခဲ့သည်။

" က်ိုကို တို့ ဘယ်လိုဆုံခဲ့ကြတာလဲ.... "

" ဘယ်လို....သြော် ဧကရီလား.....သူက
ဖေဖေ့ကိုပြုစုဖို့ ငှားထားခဲ့တဲ့ သူနာပြုတစ်ယောက်ပါ..... "

" သြော်....  မမ ဧကရီက အရမ်းလှပါတယ်...  ပြီးတော့ ကိုကို့ကိုလဲ ချစ်မယ့်ပုံပါ....  ကိုကိုတို့ ဘာလို့ အဆင်မပြေကြတာလဲဟင်..... "

သူမ လွှတ်ကနဲမေးလိုက်မိပြီးမှ ကိုကို စိတ်ဆိုးသွားမလား စိုးရိမ်မိပြီး အထိတ်တ
လန့် မော့ကြည့်လိုက်တော့ ကိုကိုက သူမကို ကြည့်ကာ အသက်မပါစွာပြုံးရင်း......

ဓူဝံရပ်က ကြယ်ကလေး ( Complete ) ( ဓူဝံရပ္က ၾကယ္ကေလး )Where stories live. Discover now