အခန်း _ ( ၄ ) ကြယ်ကလေးရေ တာ့တာ

1.3K 55 2
                                    


" အဟွတ်.....  အဟွတ် အဟွတ်......  အင်း.... "

" ကလေး....  ကလေး နိုးလာပြီလား..... "

အိပ်ယာပေါ်မှ အားယူထလာတဲ့ကလေးမကို သူ ထူဖေးမရင်း ကုတင်ပေါ်မှာခေါင်းအုံးကို အရှည်လိုက်ထားကယ ခပ်မှီမှီလေးနေရာချပေးလိုက်ရသည်။

" ကိုကို ဒီနေ့ဘာနေ့လဲဟင်......  ကလေး စာမေးပွဲရော..... "

" ဟ်ိတ် မငိုနဲ့ မငိုနဲ့ .... ဒီနေ့မဟုတ်သေးဘူးလေ....
ကလေးစာမေးပွဲက နောက် ၂ရက်နေမှ..... ဒါကြောင့် မြန်မြန်နေကောင်းအောင်နေရမယ် ငိုမနေနဲ့ ခေါင်းတွေကိုက်လာတော့မှာပဲကွာ.... "

ဓူဝံ သူမမျက်ရည်လေးတွေကို တယုတယသုတ်ပေးတော့ ခြစ်ခြစ်တောက်ပူနေတဲ့အသားလေးတွေကြောင့် လက်ပင်တွန့်သွားရသည်။ စာမေးပွဲနီးမှ ထဖျားနေတာကြောင့် တငိုငိုတယိုယိုနဲ့မို့ မျက်လုံးလေးတွေက ဖောင်းအစ်ရဲမို့နေသည်။

သူ အသင့်ယူလာတဲ့ ကြက်သားဆန်ပြုတ်ပန်းကန်လေးကို ယူကာ ဇွန်းလေးနဲ့မှုတ်ပြီး အအေးခံနေရင်း.....

" ဒီဆန်ပြုတ်လေးသောက်ပြီးရင် ဆရာဦးရှိန်ပေးခဲ့တဲ့ ဆေးလေးသောက်ပြီး အိပ်လိုက် ဒါဆိုမနက်ကျ ကလေးနေကောင်းသွားလောက်တယ်.....  "

" ကလေးဖျားနေတာ တစ်ပါတ်ကျော်နေပြီလေ.....  ကိုကိုနေ့တိုင်းအဲ့လိုပြောနေတာပဲ အခုထိ အဖျားမှမပျောက်သေးတာ....  "

" အဲ့ဒါက ကလေးက ကိုကို့စကားကိုနားမထောင်လို့လေ ညဘက်ကို ကောင်းကောင်းမအိပ်ပဲ ငိုနေတာကို အဖျားက ပျောက်မလား.....  ရော့ရော့ ဆန်ပြုတ်အေးသွားပြီ အရမ်းမအေးပဲ နွေးနေတုန်းလေး သောက်
လိုက်ဦး "

သူမ ခွန်းတုံ့မပြန်နိုင်ခင် ဓူဝံ အရင်ဆန်ပြုတ်တစ်ဇွန်းခွံ့လိုက်ရတော့ ကျိတ်မှိတ်အားယူကာ မျိုချနေရှာတဲ့ကလေးမကိုကြည့်ကာ သူပြုံးလိုက်ပြီး.....

" ကိုကို့ ကလေးက လိမ္မာလိုက်တာ.....  သောက်ပါဦး နောက်တစ်ဇွန်း..... "

အချော့ကြိုက် မမလေးအလိုကျ ချော့မော့စနောက်ရင်း ဆန်ပြုတ်တစ်ပန်းကန်ကုန်အောင်ကျွေးပြီး ဆေးလေးတိုက်ကာ အိပ်ယာပေါ်ပြန်လှဲချပေးပြီး စောင်လေးကိုပါ သေချာခြုံပေးလိုက်တော့......

ဓူဝံရပ်က ကြယ်ကလေး ( Complete ) ( ဓူဝံရပ္က ၾကယ္ကေလး )Where stories live. Discover now