အပိုင်း _ ၇

1.1K 46 4
                                    

၉ နှစ်ကြာပြီးနောက် .....

" Happy bithday to you ...... Happy birthday to you...... "

" ကလေး မွေးနေ့မလုပ်ချင်ဘူးလို့ ပြောထားတယ်လေ မာမီ.... "

အိမ်ထဲဝင်ဝင်ချင်း အမှောင်ကျသွားပြီး ရုတ်တရက်ပေါ်လာတဲ့ ဖယောင်းတိုင်မီးလေးနဲ့ ကိတ်မုန့်က ကြယ်ကလေး ရဲ့တက်ကြွနေတဲ့စိတ်ကို ပြင်းထန်စွာရိုက်ချိုးပစ်လိုက်သလိုမို့ ခပ်မာမာပြောလိုက်မိတော့ ဒေါ်သီတာနွယ် က ထိန်းမရအောင်  မျက်နှာပျက်ယွင်းသွားပြီး ဦးသီဟမင်း က ခေါင်းကိုဖြည်းလေးစွာ ခါရမ်းလိုက်သည်။

" သိမ်းလိုက်တော့ နွယ် ..... ကိုယ်တို့ညစာပဲ စားကြတာပေါ့...... "

" သမီး အပြင်မှာစားလာခဲ့ပြီးပြီ ဒယ်ဒီ.....  အရင်ဝင်နားတော့မယ်..... "

" သမီးကြိုက်တဲ့....... "

ဒုန်း......

ဒေါ်သီတာနွယ် စကားပင်မဆုံးလိုက် အပေါ်ထပ်ကို အပြေးတက်သွားပြီး သူမအခန်းထဲတန်းဝင်သွားကာ တံခါးကိုဆောင့်ပိတ်သွားသော ကြယ်ကလေးကြောင့် သူမ သက်ပြင်းသာချလိုက်မိသည်။

ဒေါ်သီတာနွယ် ဟာ သားသမီးမရနိုင်သူ တစ်ယောက်ပါ....  ဒါကြောင့် သူမ ခင်ပွန်းရဲ့ သွေးသားဖြစ်သော ကြယ်ကလေးကို သမီးအရင်းလိုကို ချစ်ပါသည်။ ကြယ်ကလေးဟာ ရောက်စတုန်းက အရမ်း လိမ္မာ နာခံပြီး နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးတစ်ယောက်ဖြစ်သည်။

ပညာရေးမှာထူးချွန်ထက်မြက်ပြီး ထိုင်းနိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်မှာ စီးပွားရေးဆိုင်ရာဘာသာရပ်ကို သင်ကြားပြီး သွက်လက်တက်ကြွတဲ့ ဆယ်ကျော်သက် တက္ကသိုလ် ကျောင်းသူဘဝကို ဖြတ်သန်းရင်း တစ်ရက်မှာတော့ ရုတ်တရက်ကြီး သူမဟာ အပြုံးအရယ်မရှိ ပေကတ်ကတ်
ဆက်ဆံရခက်တဲ့ မိန်းကလေးအဖြစ် ပြောင်းလဲသွားခဲ့တော့သည်။

ထိုညက မွေးနေ့ရှင်မပါတဲ့ ညစာစားဝိုင်းလေးမှာ
ဒေါ်သီတာနွယ် တို့ဇနီးမောင်နှံနှစ်ယောက်သာ  တိတ်ဆိတ်စွာ ညစာစားဖြစ်ခဲ့တော့သည်။

******************************************

Happy Birthday ..... Baby.....

ကိုကို့ရဲ့ Instagram Story က စာတန်းလေးကို
ကြည့်ကာ သူမ ပါးပြင်ပေါ် မျက်ရည်တို့ စီးကျလာခဲ့သည်......

ဓူဝံရပ်က ကြယ်ကလေး ( Complete ) ( ဓူဝံရပ္က ၾကယ္ကေလး )Where stories live. Discover now