မောင့်ရင်ခွင်ဝယ် ခိုနားမယ် Review

180K 4.8K 105
                                    

Unicode
-
-

" မိန်းမတွေကို ငါမုန်းတယ် ၊ အဲဒါကြောင့်မို့
မိန်းကလေးနဲ့တူလွန်းတဲ့မင်းကိုလဲ ငါမုန်းတယ် ၊
ထွက်သွားစမ်း ငါ့မျက်စိအရှေ့ကနေရော
ငါ့အရိပ်အာဝသ ငါ့ပတ်ဝန်းကျင်ကနေပါ "

               ( စဝ်ခွန်အသင်္ခရာ )

ကြွေရုပ်ငယ်ဆိုတဲ့နာမည်ကို ဘယ်သူကမှသဘောမကျလဲ ငယ်ကတော့ သဘောကျတာထက်ပိုပြီးနှစ်သက်တယ်၊ကြွေရုပ်ဆိုတာ ကျိုးပဲ့ပျက်စီးလွယ်တယ်တဲ့ ၊ ငယ့်ကိုလဲ ကျိုးပဲ့ပျက်စီးသွားစေချင်တဲ့ ဆန္ဒနဲ့ အဲနာမည်ကိုပေးခဲ့ကျတာလေ ။ဒါပေမယ့် ငယ်ကသူတို့ဖြစ်စေချင်သလိုမျိုး ဘယ်တော့မှဖြစ်မလာစေရဘူးဆိုတာ လူတွေအကုန်လုံးကို သက်သေပြချင်တာ ၊ရှင်သန်နေဦးမှာပါ
ဘယ်လိုအခြေအနေမျိုးမှာမဆို ငယ်က လှလှပပရှင်သန်ပြနေဦးမှာ ၊ ငယ်ကို ဘယ်သူကမှမလိုချင်ဘူးဆိုရင်တောင်ပေါ့ ၊ အင်း! !အဲလိုလူတွေထဲမှာ
ဦး လဲပါနေမယ်ဆိုရင်တောင်မှပေါ့ "

            ( ကြွေရုပ်ငယ် or သုတရောင်ဝါ )

ငယ်ချစ်ဦးအမျိုးသမီးနဲ့ လက်ထပ်ခဲ့ပြီးသာယာ
တဲ့အိမ်ထောင်ရေးကိုထူတောင်နိုင်မယ်ဆိုတဲ့ စိတ်ကူးရှိခဲ့ပေမယ့် အလုပ်အပေါ်မှာပဲစိတ်နှစ်
ထားတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဇနီးသည်
ကအိမ်ထောင်ရေးဖောက်ပြန်သွားတာခံရတဲ့ ဒေါက်တာစဝ်ခွန်အသင်္ခရာ နဲ့ လူရမ်းကားတစ်ယောက်က ဖျက်စီးခြင်းကိုခံလိုက်ရတဲ့အမျိုးသမီးတစ်ရဲ့ရင်သွေးအဖြစ်လူ့လောကထဲစတင်ချေချလာရသည့် ကြွေရုပ်ငယ်( သုတရောင်ဝါ) ။

မိသားစုထဲမှာမိခင်ကစပြီး ဘယ်သူကမှမလိုချင်တာကြောင့်သူ့ဘဝကိုကြွေရုပ်တွေလိုမျိုအထိအခိုက်မခံနိုင်ဘဲ အချိန်မတိုင်ခင်ကျိုးပဲ့ပျက်စီးသွားပါစေ၊ ယောကျ်ားလေးအဖြစ်မွေးဖွားလာပေးပေမယ့်လူ့အသိုင်းအဝိုင်းကြား အသက်ရှင်နေသမျှကာလပတ်လုံးနာမည်ခေါ်တိုင်း အရှက်ရနေပါစေဆိုတဲ့စိတ်တွေနဲ့ယောကျ်ားလေးတစ်ယောက်နဲ့မလိုက်ဖက်တဲ့ ကြွေရုပ်ငယ်ဆိုတဲ့နာမည်ကိုမှည့်ခေါ်ခြင်းခံရတဲ့ကောင်လေး ။ ဘဝမှာ မေတ္တာတရားတွေငတ်ခဲ့ရတဲ့ ကြွေရုပ်ငယ်က အဖွားဖြစ်သူရဲ့သနားချစ်လေးကိုအနည်းငယ်ပိုင်ဆိုင်ခွင့်ရခဲ့တာကြောင့် အဖွားဖြစ်သူရဲ့ကောင်းမှုနဲ့ မွေးစာရင်းနဲ့ကျောင်းနာမည်မှာတော့ သုတရောင်ဝါဆိုတဲ့အမည်လေးကိုပိုင်ဆိုင်ခွင့်ရခဲ့သည်။

မောင့်ရင်ခွင်ဝယ် ခိုနားမယ် ( Completed ) Where stories live. Discover now