Part - 11 ( Zawgyi )

14.5K 359 1
                                    

အပိုင်း - ၁၁


" မောင် ကြွေရုပ်ကိုအရမ်းချစ်တယ်နော် "

ကိုယ့်စကားဆုံးပြီး တော်တော်ကြာတဲ့အထိ
ဘာစကားမှ စကားပြန်မရတာကြောင့် ငုံကြည့်
လိုက်တော့နှစ်ခြိုက်စွာအိပ်မောကျနေတဲ့သူလေး ။
နှဖူးလေးကိုအသာငုံ့နမ်းလိုက်ပြီး သူမကြားမှန်းသိ
ပေမယ့် စကားတစ်ခွန်းပြောလိုက်သည် ။

" ကောင်းကောင်းအနားယူလိုက်ပါ မောင့်အချစ်!
နောက်ကိုလည်း အခုလိုပဲ မကြာကြာ
မောင်ကအနိုင်ကျင့်နေမှာမို့ အခုထဲကကြိုပြီး
တောင်းပန်ပါတယ် "

ဒီဘဝမှာမင်းရှိနေရင် ဘာမှထပ်မလိုတော့ဘူး ။
အဲလိုပဲ သံသရာတစ်လျှောက် မင်းသာမောင့်အနား
မှာ မခွဲအတူရှိနေပေးမယ်ဆိုရင်လေ
ဘယ်လိုနိဗ္ဗာန်ချမ်းသာကိုမှ ထူးပြီး ဆုတောင်မနေ
တော့ဘူး။ မင်းက မောင့်ရဲ့ကိုယ်ပိုင်နိဗ္ဗာန်ချမ်းသာ
ပဲလေ ။ ဒီသံသရာဝဲဂယက်ထဲ ထပ်ဖန်တလဲလဲ
မျောချင်တိုင်းမျောပါစေတော့ ။

*
*
*
*
*
*
*
*

" ဒေါ်လှ ဂူးဂူးမနက်စာ မစားသေးဘူးလား "

ကြွေရုပ်မေးလိုက်သည့်စကားကြောင့် ဒေါ်လှက
မနက်စာချက်ဖို့အတွက် အသားတွေခုတ်နေရင်းကနေ

" အခုထိတော့ လာမစားသေးဘူး သုတရယ့် ၊
ဂူးဂူးလေးကတစ်ခါတစ်လေ နေမြင့်အောင်အိပ်
တက်တယ် "

အိမ်မှာရှိသည့်လူတွေအားလုံးထဲမှာ ကိုယ့်ကို
ကြွေရုပ်လို့ခေါ်တာ ဖွားဒေဝီနှင့်ဦးရာရာပင်ရှိသည်။
ဂူးဂူးက ဦးငယ်လို့ခေါ်တက်ပြီး ကျန်တဲ့သူတွေအား
လုံးကိုတော့ ကြွေရုပ်၏နာမည်အရင်းကိုသာခေါ်စေ
ဖို့အတွက် ဖွားဒေဝီကအမိန့်ထုတ်ထား၏ ။
အရင်ကဘယ်လိုပဲခေါ်ခေါ် ဦးရာရာနှင့်လက်ထပ်ပြီး
ထဲက နာမည်ပြောင်းခေါ်ပေးဖို့ ခေါ်ပြောခဲ့တာ
ဖြစ်သည် ။

ဒါကြောင့်ပဲ ဒေါ်လှကစပြီးကျန်တဲ့သူတွေအကုန်လုံး
က သုတဟုသာခေါ်ကြလေသည် ။

" ဒေါ်လှ ဂူးဂူးကိုသွားနှိုးပေးရမလားဟင် "

နာရီကိုကြည့်လိုက်တော့ မနက်ရှစ်နာရီကျော်နေလေပြီ။
ဦးရာရာကတော့ ထုံးစံအတိုင်းNight Duty ကျလို့
အိမ်ပြန်မရောက်သေး ။ ဖွားဒေဝီကလည်း မင်္ဂလာကိစ္စ
ပြီးထဲက တောင်ကြီးကိုပြန်သွားသည် ။

မောင့်ရင်ခွင်ဝယ် ခိုနားမယ် ( Completed ) Where stories live. Discover now