Part - 12 ( Unicode)

53.1K 2.8K 148
                                    

အပိုင်း - ၁၂

" မောင့်ရင်ခွင်ဝယ် ခိုနားမယ် "

" ကြွေရုပ်ရယ် မောင်လေ "

နင့်သီးလှသောစကားသံလေးသည် လမ်းတစ်ဝက်
တွင် ပျောက်ကွယ်သွားရလေတော့၏ ။ ဒီတစ်ခါ
အနမ်းဝတ်မှုံတို့က စတင်ဖြန့်ကျက်လိုက်သူက
ကြွေရုပ်ပင်ဖြစ်လေသည် ။ ချစ်ရသူ၏ စိတ်ပင်
ပန်းမှုတွေသည် ထိုအနမ်းတွေကြောင့် ပိန်းကြာ
ရွက်တွင်ရေမတင်သကဲ့သို့ အမြန်လွင့်စင်
သက်သာသွားရပါစေ ။

* ချစ်ခြင်းမေတ္တာကိုအရင်းခံပြီး ဒီဘဝမှာကြုံလာ
သမျှ သုခ ဒုက္ခမှန်သမျှ မောင်နဲ့အတူတူ ရင်ဆိုင်
ကျော်ဖြတ်ရပါလို၏ ။ သာလည်းအတူ နာလည်း
အမျှပေါ့ ၊ ဒီဘဝဒီအချစ်က မောင်ရှိနေတယ်ဆိုတဲ့
အသိလေးရှိနေရင်ကို ပြည့်စုံနေတာမျိုး *

*
*
*
*
*
*
*
*

" ကြွေရုပ်ရေ ဖွားပြန်လာပြီဟေ့ "

အိမ်ရှေ့မှာကားရပ်သံနှင့်အတူတူ ဖွားဒေဝီ၏အသံကို
ပါ တဆက်ထဲကြားလိုက်ရတာကြောင့် အိမ်ရှေ့ကို
အပြေးတပိုင်းထွက်လာရလေသည်။ ကိုယ်အိမ်ရှေ့ခန်း
ကိုရောက်တော့ ဖွားဒေဝီကအိမ်ရှေ့ဧည့်ခန်းကိုပင်
ရောက်နေလေပြီ ။ တကယ်ကိုစိတ်မြန်လက်မြန်ရှိလှ
သောဖွားပင်ဖြစ်လေသည် ။ ဖွားဒေဝီဘေးမှာတော့
ဆံပင်ဂုတ်ဝဲလေးနှင့်နုငယ်ပြီး ချစ်စရာကောင်းလှသည့်
မိန်းကလေးတစ်ဦး အတူတူပါလာ၏ ။ ထိုမိန်းကလေး
ကကြွေရုပ်ကိုမြင်တာနဲ့ ပါးချိုင့်လေးခွက်ဝင်သွားအောင်
ပြုံးပြလာရင်း

" ကြွေရုပ်မဟုတ်လားဟင် "

ကိုယ့်ကိုကြည့်ရင်း ကိုယ့်နာမည်ကိုမေးလာတာကြောင့်
ခေါင်းညှိမ့်ပြလိုက်ရင်း

" ဟုတ်ပါတယ် "

" အား! ! ယောင်မလေးက ဖွားပြောထားတာထက်
အများကြီးပိုလှတယ်ရော်! လှလိုက်တာ လှလိုက်တာ
ဒို့ကိုကို တေမိကြီး အရည်ပျော်တာမဆန်းဘူး
အမေရေ့ နာမည်လေးထက်လူလေးကပိုလှနေတယ်"

ပြောပြောဆိုဆိုနှင့် ထိုမိန်းကလေးကို ကြွေရုပ်ကို
အတင်းကြီးပြေးဖက်လာကာ ပါးတွေကိုပါ
ဘယ်ပြန်ညာပြန်နမ်းနေလေတော့သည် ။ ကြွေရုပ်မှာ
ဘယ်မိန်းကလေးနဲ့မှ အခုလိုလက်ပွန်းတတီးမနေခဲ့
ဘူးတဲ့အပြင် အခုက ပါးတွေကိုပါမရပ်မနား
အနမ်းခံနေရတာကြောင့် လူကထူပူလာပြီး
မျက်နှာတွေပါပူလာရလေတော့သည် ။
ရင်းနှီးနေသည့် ဝသုန့်လိုသူငယ်ချင်းမျိုးဆိုလည်း
တစ်မျိုးပေါ့ ။ အခုကသူစိမ်းပြင်ပြင်ကြီးက
ကိုယ့်ကိုအတင်းလာပြီးဖက်နမ်းခံနေရတာလေ။

မောင့်ရင်ခွင်ဝယ် ခိုနားမယ် ( Completed ) Where stories live. Discover now