Part - 25 ( Zawgyi )

9.3K 246 4
                                    

အပိုင်း - ၂၅


" တစ်ခုတော့ရှိတယ် မောင်နဲ့ ကလေးတွေကိုတော့
မခေါ်ပါနဲ့ ၊ ပိုက်ဆံလိုသလောက်သုံးပြီး ကြွေရုပ်
အဆင်ပြေသလိုလုပ်လိုက်ပါ ၊ အမှန်တိုင်းပြောရရင်
အဲဒီမိသားစုဝင်တစ်ဦးအတွက်ပြုတဲ့ကုသိုလ်မှာတောင်
မောင် သာဓုဝင်မခေါ်ချင်ဘူး ၊ သူတို့နဲ့ပတ်သက်ရင်
ဘယ်လိုရေစက်မျိုးကိုမှ မောင်မလိုချင်ဘူး ၊
ဒါလေးတော့နားလည်ပေးပါမောင့် အချစ်ရယ် "

အခန်းထဲတွင်တိတ်ဆိတ်သွားလေတော့သည်။
အရာအားလုံးကို ကြွေရုပ်နားလည်တာပေါ့။
ပြီးပါပြီ တကယ်ပဲဒီတစ်ခါပြီးရင်အရာအားလုံးက
ပြီးဆုံးသွားပြီး ဒီမိသားစုကိုပဲပိုပြီးချစ်ပေးမှာပါ။

" ကြွေရုပ်လေ ဦးရာရာကိုသိပ်ချစ်တာပဲသိလား "

တိုးတိုးလေးပြောလိုက်သည့်စကားကိုတော့
ဦးရာရာ သေသေချာချာကြားရမှာပါ ။


*
*
*
*
*
*
*
*

ရက်လည်ဆွမ်းသွတ်အလှူအတွက် အိမ်နဲ့သိပ်မဝေး
လှသောဘုန်းကြီးကျောင်းတွင် အာရုံဆွမ်းရော
နေ့ဆွမ်းပါကပ်ဖြစ်ခဲ့သည်။ ဦးရာရာကိုရော
သားနဲ့သမီးကိုပါမခေါ်တော့ဘဲ ဒေါ်လှတို့အကူ
အညီနဲ့သာလုပ်ပေးဖြစ်သည်။ ချယ်ရီနှင့်အတူတူ
တောင်ကြီးကနေ ပက်စပို့စ် လုပ်ဖို့အတွက်ခဏရောက်
လာသည့် ဦးရာရာ၏ ညီမတစ်ဝမ်းကွဲနောက်
တစ်ယောက်ဖြစ်သော နန်းစန္ဒာကလည်း ကြွေရုပ်ကို
ဝိုင်းကူပေး၏ ။

ဦးရာရာကတော့ သူ့စကားအတိုင်းပင် ကြွေရုပ်
စီစဉ်သမျှကိုကောင်း၏ဆိုး၏ ဘာဆိုဘာမျှမပြော။
ယုတ်စွာအဆုံး အလှူအတွက်ချက်သည့်ပြုတ်သည့်
နေရာကိုတောင် တစ်ချက်လာရပ်မကြည့်ချေ။
မိခင်ဖြစ်သူရဲ့ ရက်လည်ဆွမ်းသွတ်အလှူကို
ဘုန်းကြီးကျောင်းမှာတိတ်ဆိတ်စွာလာလှူသည့်
ကြွေရုပ်ကို ဆရာတော်ကလည်းအံ့သြသလိုရှိနေတာ
ကြောင့် အဝေးမှာဆုံးခဲ့တာဖြစ်ပြီးမိသားစုနဲ့
အတူမနေတော့တာကြောင့်ဖြစ်ကြောင်း အနည်း
အကျဉ်းတော့ လျှောက်တင်ဖြစ်ခဲ့သေးသည်။

ကြွေရုပ်အနေနဲ့လည်း မေမေမြတ်အတွက်
တက်နိုင်သမျှလေးကုသိုလ်ပြုပေးချင်စိတ်သာရှိနေပါ
သည်။ ကိုယ့်စိတ်ကူးကတော့ တကယ့်ကိုရိုးရိုးရှင်း
ရှင်းလေးပါပဲ။ ကိုယ်ပေးတဲ့ကုသိုလ်ကိုမေမေမြတ်
သာဓုခေါ်နိုင်ခဲ့ရင်လည်း ဒါဟာဘဝတပါးကသူအတွက်
ကောင်းကျိုးခံစားရပါစေ။ မေမေမြတ်က သာဓုခေါ်ဖို့
အတွက် မကြုံကြိုက်ဘူးဆိုရင်လည်း ဒီကုသိုလ်က
ကြွေရုပ်၏ အလှူပင်ဖြစ်လေသည်။

မောင့်ရင်ခွင်ဝယ် ခိုနားမယ် ( Completed ) Where stories live. Discover now