Part - 27 ( Zawgyi )

8.5K 206 1
                                    

အပိုင်း - ၂၇

       

❗တစ်ချို့သောစကားလုံးများအတွက် Warning
ကြိုပေးထားပါရစေဗျာ ။



မဆုံချင်တော့လို့ တမင်တကာကိုရှောင်ဖယ်နေသည့်
ရေစက်တွေပင်ဖြစ်သော်ငြားလည်းပဲ ပန်းသတင်း
လေညင်းမဆောင်ရပါဘဲနှင့် လူသတင်းလူချင်းဆောင်
လာခဲ့လေပြီ။ ကိုယ့်အလှည့်တုန်းက နေစရာမရှိရင်
ဆောင်ကြာမြိုင်မှာအလုပ်ရမှာပဲ အဲမှာနေဆိုပြီး
မညှာမတာပြောခဲ့သူတွေက သူ့တို့မိသားစုရဲ့
အချစ်တော်လေးကိုတော့ ဘယ်လိုတွေပြောကျမလဲ
ဆိုတာသိတော့သိချင်မိသား ။ ဝဋ်မှာအမြဲ ငရဲမှအပတဲ့။
နောင်ဘဝပင်မကူးသေးပင်ခင် လှပသောဝဋ်တွေက
စလာခဲ့လေပြီ။ သံသရာကတစ်ပတ်များလည်လာခဲ့လေ
သလားပေါ့ကွယ်။

*
*
*
*
*
*
*
*

" နောက်ရက်ထဲ ဆရာဝန်ကြီးနဲ့တွေ့ဖို့ကိစ္စကိုတော့
မြေးကပဲကြည့်ပြီးစီစဉ်လိုက်တော့ ၊ ဖွားတို့ထက်စာရင်
သားက အဲဘက်မှာပိုအဆင်ပြေလောက်တယ်
ဆောက်လုပ်ရေးပိုင်းက ပြီးခါနီးပြီဆိုတော့ ဝန်ထမ်း
တွေကိုစပြီးခေါ်မှရတော့မယ် ၊ နောက်ပိုင်းသင်တန်း
ဘာညာပေးဖို့အတွက်ကိစ္စတွေကလည်း သားပဲ
အဓိကလုပ်ရမယ်နော် ၊ နယ်ဝေးကနေအလုပ်လာ
လုပ်မယ့်ကလေးတွေအတွက် နေဖို့အဆောင်သစ်ထည့်
ပြီးဆောက်နေတာက မနက်ဖြန်လောက်သွားစစ်ရမယ် ၊
အဲဒီကိုတော့ ချယ်ရီ့ကိုပဲလွှတ်ရမှာပဲ ၊ ဒါမှသူလည်း
စာရင်းဇယားဘက်ကိုပိုပြီးနားလည်လာမှာ ၊ နောက်ဆုံးပေါ်
ဆေးပစ္စည်းအသစ်တွေ အကုန်ရောက်နေပြီ ၊ လိုအပ်ချက်
တွေကိုအတက်နိုင်ဆုံးစစ်ဆေးကြဦး ၊ ဆေးရုံဖွင့်မှဆိုရင်
အဆင်မပြေဘူးလေ "

စာရင်းစာရွက်တွေကို တဖျက်ဖျက်လှန်နေရင်းမှသည်
စကားတွေကိုအဆက်မပြတ်ပြောနေသည့်ဖွားကို
ကြည့်ရတာ သူမမောပေမယ့် ကိုယ်ကမောနေရလေ
သည်။ဖွားတစ်ယောက်ကလေ ဘာဆေးတွေများစား
ထားပြီးသန်မာနေရတုန်းလို့တွေးရသည့်အထိ
စိတ်ပျိုကိုယ်နုဖွားပင်ဖြစ်လေသည် ။

အသက်ရှယ်ဆယ်ကျော်နေပေမယ့် စီးပွားရေးလောက
ထဲကနေမထွက်ခွာသေးတဲ့ ဖွားက မူလကရှိနေသည့်
ပြည်ပမှဆေးဝါးတင်သွင်းသည့်လုပ်ငန်းနှင့် ဆက်စပ်ကာ
ပုဂ္ဂလိကဆေးရုံဖွင့်ဖို့အထိ နယ်ချဲ့လာခဲ့လေပြီဖြစ်သည်။
အသင်္ခရာက သိပ်မကြာခင်မှာ ပါရဂူဘွဲ့ယူရတော့မှာ
ဖြစ်သည့်အတွက် မြေးအားကိုးနဲ့ နယ်ပယ်ချဲ့ထွင်လာ
ခြင်းဖြစ်လေသည်။

မောင့်ရင်ခွင်ဝယ် ခိုနားမယ် ( Completed ) Where stories live. Discover now