Part - 17 ( Zawgyi )

10.9K 311 1
                                    

အပိုင်း - ၁၇



" ကြွေရုပ် အာ!! မပြေးနဲ့လေ တစ်ခုခုဖြစ်သွားဦးမယ်၊
နေပလေ့စေတော့ မောင့်ဘာသာပဲခွဲစားလိုက်တော့မယ်"

အပြေးတပိုင်းသွားနေသည့်ကြွေရုပ်ကို စိုးရိမ်တကြီး
တားမိနေတုန်းမှာပဲ ဖွားကအခန်းထဲကိုဝင်လာကာ

" အောင်မလေး အသင်္ခရာရဲ့ ၊ ကြွေရုပ်ကို
နင်ကစိုးရိမ်နေသေးတယ်နော် ၊ နင့်ကိုနင်လဲ
ပြန်ကြည့်ဦး ၊ ရေကိုတောင် ထောင်းတိုက်ရတော့မယ့်
အခြေအနေပြဖြစ်နေပြီ ၊ ထိုင်သာနေစမ်းပါ ၊
ငါတို့များ သားသမီးတွေမွေးလာတာ နင်လို့မျိုးတော့
ကြုံ ကြုံဘူးပေါင်ဟယ် ၊ ဗိုက်ကြီးတာကတစ်ယောက်
ဝမ်းကြီးနာစွဲတာကတစ်ယောက် ၊ Straight
စစ်စစ်တွေများ ကွေးလဲကွေးရော သူများတွေကိုလိုက်မမှီတော့တာ ၊ ဝမ်းကြီးနာကူစွဲပေးတယ်တဲ့၊ ဒါတောင်
ငါအတင်းပေးစားထားရလို့ အဟက်!! အဟက်!! "

အသင်္ခရာမှာတော့ ဖွားရဲ့ အရွဲ့အစောင်းစကား
တွေကိုပြန်ခံမပြောနိုင်အားသေးပါဘူး ။ ဘေစင်မှာ
ခေါင်းထိုးပြီး

" ဝေါ့!! ဝေါ့!! "

*
*
*
*
*
*
*
*

" ဦရာရာ! ကြက်ပေါင်းလေးကို မွှေးနေအောင်
ပေါင်းပေးမယ်လေ ၊ သောက်ချင်စိတ်လေး
ရှိလားဟင် "

" No!"

" ဦးရာရာ! ပီဇာ စားမလားဟင် ဆိုင်မှာ
သွားစားကျမယ်လေ "

" No!"

" မောင်ရေ! ! ပျားလိမ္မော်လေးကချိုနေတာပဲ ၊
ဒီတိုင်းမစားချင်ရင် ကြွေရုပ် ဖျော်ရည်လေး
ဖျော်ပေးမယ်လေ ၊ အမူးအမော်ပြေတာပေါ့ ၊
နည်းနည်းလောက်ဖြစ်ဖြစ် သောက်လိုက်နော် "

" No!"

" ဦးရာရာရေ ၊ ထမင်းလေးနည်းနည်းစားလိုက်
ပါလားဟင် ၊ ဒီတိုင်းကြီးရက်ကြာလာရင်
အဆင်မပြေလောက်ဘူးလေ "

" No! !"

ကြွေရုပ်ကိုယ်ဝန်စပြီးရထဲက ဦးရာရာက ဝမ်းကြီးနာ
စွဲလိုက်တာ တော်တော်နဲ့ကိုပြန်မကောင်းပါဘူး ။
ဘာပဲကျွေးကျွေး တNo ထဲ No နေလေသည်။
ထမင်းစားဖို့ဝေးစွ မီးဖိုချောင်အနံ့ကိုပင်မခံနိုင်လို့
မီးဖိုအခန်းတံခါးကို အမြဲပိတ်ပေးထားရသေးသည် ။
ထမင်းလဲကျွေးမရ ၊ ကျန်တာတွေထဲမှာလည်း
အသီးအနှံလေးနည်းနည်းပါးပါးလွဲရင် ဘာဆိုဘာမှ
ကျွေးမရတာမို့ ကြွေရုပ်မှာစိတ်မကောင်းဖြစ်ရသည်။

မောင့်ရင်ခွင်ဝယ် ခိုနားမယ် ( Completed ) Where stories live. Discover now