Part - 6 (Unicode )

60K 3.8K 982
                                    

အပိုင်း - ၆

" မောင့်ရင်ခွင်ဝယ် ခိုနားမယ် "

" ကြွေရုပ် "

" ဗျာ ဦးရာရာ "

" မင်း ကျောင်းပြီးသွားပြီလား "

" မပြီးသေးဘူး ဦးရာရာ ကြွေရုပ်နောက်ဆုံးနှစ်
မတက်လိုက်ရဘူး ၊ ဖွားကျန်းမာရေးမကောင်းတာ
နဲ့ ပြုစုပေးဖို့လူမရှိလို့ ကျောင်းနားလိုက်ရတယ် ၊
အဲထဲကနေပြီး ကျောင်းဆက်မတက်ဖြစ်တော့တာ "

" မင်း ကျောင်းပြန်တက်ချင်လား "

" ဗျာ! !"

" ကျွတ်! ! တစ်ခုခုပြောလိုက်ရင် အဲလို
မအူမလည်ပုံတွေကိုသဘောမကျတာ ၊
ကျောင်းပြန်တက်ချင်လားမေးနေတာလေ ၊
ုပြန်တက်ချင်တယ်ဆိုလဲ တက်ချင်တယ် ၊
မတက်ချင်တော့ဘူးဆိုရင်လဲ မတက်ချင်တော့
ဘူးပေါ့ ၊ မေးတာကိုမဖြေပဲ ဘာတုန်းတဗျာဗျာနဲ့ "

ကြွေရုပ်ကလဲ ကြွေရုပ်ပါပဲ ။ ဦးရာရာဘာပြောပြော
နှစ်ခါလောက်ပြန်ပြန်မေးနေရတာမို့ စိတ်မရှည်တော့
ဘူး ထင်ပါရဲ့ ။

" ဟိုလေ မ မတက်တော့ပါဘူး ဦးရာရာ ာယ် "

" ဘာဖြစ်လို့လဲ ဘာလို့မတက်ချင်တာလဲ "

" ကြွေရုပ်က အသက်ပဲနှစ်ဆယ့်နှစ်နှစ်ရှိနေပြီဟာ ၊
အသက်ကြီးနေပြီ "

" ဘယ်မှာအသက်ကကြီးသေးလို့လဲ ၊ သွားပြန်တက်
ဘွဲ့တစ်ခုတော့ယူထားရမှာပေါ့ "

အစထဲက ကျောင်းပြန်တက်လို့ပြောလိုက်ရင်
ပြီးနေပြီဟာကို ။ ဦးရာရာက တစ်ခါတစ်လေတော့
နားလည်ရခက်လေသည်။

" ဟို ဦးရာရာကပြန်တက်စေချင်ရင်တော့ တက်ပါ့မယ် "

" အင်း "

ပြောပြီးတာနဲ့ ညအိပ်ယာဝင်ဖို့အတွက် ထုံးစံအတိုင်း
ကိုယ့်ကိုကန်တော့လာပြန်သည်။ ပြီးတာနဲ့ သူရော
ကိုယ်ပါ အိပ်ဖို့ပြင်နေပေမယ့် ချက်ချင်းမအိပ်သေး။
ကုတင်ခေါင်းရင်းဘက်ကိုမှီကာ ဖုန်းကိုယ်စီနဲ့
အာရုံစိုက်နေမိတဲ့အချိန် ရုတ်တရက်
ကိုယ့်လက်တဖက်ကိုဆွဲယူတာခံလိုက်ရပြီးနောက်
ကိုယ့်ရင်ခွင်ထဲတိုးဝင်လာသည့် ကိုယ်လုံးသေးသေး
လေး ။ ဘာဖြစ်တာလဲဟဆိုပြီး ကိုယ့်ရင်ခွင်ထဲကို
ငုံကြည့်လိုက်မိတဲ့အချိန်မှာပဲ ဖျက်ကနဲလက်သွားသည့်
အလင်းရောင်တစ်ချက် ။ ပြီးတာနဲ့ ကိုယ့်ရင်ခွင်ထဲ
ကနေပြန်ထွက်သွားပြီး မျက်နှာသေးလေးနဲ့
ကြည့်လာကာ

မောင့်ရင်ခွင်ဝယ် ခိုနားမယ် ( Completed ) Where stories live. Discover now