Part - 13 ( Unicode )

54.2K 2.8K 142
                                    

အပိုင်း - ၁၃

         " မောင့်ရင်ခွင်ဝယ် ခိုနားမယ် "

" မောင့်! မောင့်စိတ်တိုင်းကျ ကြွေရုပ်ကြည်ဖြူ
တယ်နော် "

ထိုစကားဆုံးပြီး သိပ်မကြာခင်ပဲ အဖြူရောင်ညအိပ်
ဝတ်စုံလေးသည်ကြမ်းပြင်ပေါ် ဆင်းသက်လာ
ရရှာလေ၏။

အခန်းအတွင်းမှာတော့ နှစ်ကိုယ်စာကြားရယုံ
ရမ္မက်ဆန္ဒပြင်းပြသံတို့သည့် ညသန်းခေါင်ကျော်သည့်
အထိ ခပ်တိုးတိုးကြားနေရလေတော့၏ ။

*
*
*
*
*
*
*
*

" ကဲ ပြောပါဦး ဟိုနေ့က ဒီအိမ်ကိုမြတ်ခွန်းချို
လာသွားတယ်ဆို ၊ ငါကမမေးခင် ဘယ်သူက
အလိုက်တသိပြောမလဲဆိုပြီး စောင့်ပေးနေတာကို
အသင်္ခရာကလည်းမပြောဘူး ၊ ကြွေရုပ်တို့ကလည်း
ပါးစပ်ကိုတိတ်ကပ်ထားတဲ့အတိုင်းပဲ ၊ နောက်ဆုံး
တော့ ငါကဖွင့်ကိုမေးရပြီ "

ဖွား အိမ်ကိုရောက်ပြီးနှစ်ရက်အကြာမှာ ဦးရာရာနဲ့
ကြွေရုပ်ကို သီးသန့်ဧည့်ခန်းထဲကိုခေါ်ပြီး မေးလာ
သည့်စကားကြောင့် ကြွေရုပ်အနေနဲ့ ဘာပြန်ဖြေရ
မယ်မှန်းတောင်မသိဖြစ်သွားရသည်။

ဦးရာရာကိုယ်တိုင်တောင် ဖွားကိုပြန်မပြောသည့်
ကိစ္စမို့ ကြွေရုပ်ကလည်း ပြန်ပြောပြဖို့စိတ်ကူးမရှိခဲ့
တာအမှန်ပင် ။ ဦးရာရာ၏အရင်အိမ်ထောင်နှင့်
ပတ်သက်သမျှ ကြွေရုပ်အနေနှင့်ဘာမှဝင်ပါစရာ
မလိုဘူးလို့သတ်မှတ်ထားသည် ။ ဒါကလည်း
ဦးရာရာကိုအကြွင်းမဲ့ယုံကြည်သောကြောင့်
ဖြစ်သည်။ အခုလည်း ဖွားဒေဝီမေးလာသည့်အခါ
ဦးရာရာက ဘာပြန်ဖြေမလဲဆိုတာကိုပဲ စောင့်နေ
ပေးလိုက်ပါသည်။

" သူ့သမီးကို လာတွေ့တာပါ "

ခပ်ပေါ့ပေါ့ဖြေပေးလိုက်သည့် ဦးရာရာရဲ့အဖြေကို
ဖွားဒေဝီကယုံကြည်ပုံမပေါ်ပါ ။

" ဟုတ်လို့်လားအသင်္ခရာ ၊ သားက ဒီဖွားအေကြီး
ကိုညာလို့ရမယ်ထင်နေတုန်းလား "

ဦးရာရာကတော့ သက်ပြင်းတစ်ချက်သာချလိုက်ကာ

" ကျွန်တော်ညာနေတာမဟုတ်ပါဘူး ၊ သိပ်ပြီးအရေး
မကြီးတာတွေအတွက် ဖွားကိုလည်းစိတ်မညစ်စေ
ချင်လို့ပါ ၊ အမှန်က ဂူးဂူးကိုသူနဲ့ပြန်ထားဖို့
လာပြောတာ "

မောင့်ရင်ခွင်ဝယ် ခိုနားမယ် ( Completed ) Where stories live. Discover now