Part -1 ( Unicode)

84.4K 4.4K 365
                                    

အပိုင်း - ၁  

         " မောင့်ရင်ခွင်ဝယ် ခိုနားမယ် "

" ဒုန်း! ဒုန်း! ဒုန်း! ဟဲ့ ကြွေရုပ်ရေ
နင် စက်တော်ခေါ်နေရာကနေမနိုးသေး
ဘူးလားဟဲ့ ၊ တစ်အိမ်လုံးနိုးနေပြီ ၊ သေပဲသေ
နိုင်လွန်းတယ်ဟယ် ၊ ဒုန်း! ဒုန်း! ဟဲ့
အထဲကအကောင် ကြားရဲ့လား "

အခန်းအပြင်ကနေ တဒိုင်းဒိုင်းထုနေတဲ့အသံနှင့်
အတူတူ စက်သေနတ်ပစ်သလို အဆက်အပြတ်
အော်ခေါ်နှိုးနေတဲ့အသံကြောင့် ကြွေရုပ်တစ်ယောက်
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာကနေ နိုးလာရလေ
တော့သည် ။ နိုးနိုးချင်းပဲ ....

" နိုးပြီ နိုးပြီ တီငယ်! သားအိပ်ပျော်သွားလို့ "

အပြင်ကိုအသံပြုရင်းနဲ့ နံရံပေါ်ကနာရီကို
ကြည့်လိုက်တော့ မနက်ခြောက်နာရီပင်မထိုး
တက်သေး ။ အေးစိမ့်နေတဲ့ဆောင်းရာသီရဲ့
မြူခိုးမြူမှုန်တွေကြောင့် မှန်ပြတင်းပေါက်က
နေတောင်ခြံထဲကို သေချာမမြင်ရသေးပါ ။
အေးစိမ့်နေပေမယ့် အိပ်ယာထဲမှာ စောင်ခြုံ
လေးနဲ့ကွေးရဖို့မဖြစ်နိုင်တော့တာကြောင့်
အိပ်ယာအမြန်ထ ၊ မျက်နှာသစ်သွားတိုက်ပြီး
တာနဲ့ တင်ပါးအောက်အထိရှည်တဲ့ ဆံပင်ရှည်ကြီး
ကို အမြန်ဖြီး ကျစ်ဆံမြီးကျစ်ထားလိုက်ပြီး ဆံပင်
အဖျားတွေကျမှ ခေါင်းစည်းကြိုးလေးနဲ့ စည်းထား
လိုက်သည် ။အစက်အပျောက်မရှိတဲ့မျက်နှာလေးကို
ဘာမှမလိမ်းအားသေးပဲ မီးဖိုခန်းထဲကိုအမြန်ပြေး
ရလေတော့၏ ။ ကိုယ့်ရဲ့ပြင်ဆင်ချိန်ဒီထက်ပိုပြီး
ကြာနေခဲ့မယ်ဆိုရင် မီးဖိုဆောင်ထဲကိုရောက်တာနဲ့
အန်တီငယ်ရဲ့လက်ဆစ်တွေက ကိုယ့်ခေါင်းပေါ်
ရောက်ရင်ရောက်။ မရောက်ခဲ့ရင် ကိုယ့်နားရွက်တွေ
ကိုပြတ်ထွက်သွားမတက်လိမ်ဆွဲလာတာကို ခံရမှာ
အသေအချာပင် ။

မီးဖိုခန်းထဲရောက်တာနဲ့ တစ်အိမ်လုံးအတွက်
မနက်စာက်ိုအမြန်ပြင်ဆင်ရသည်။ အိမ်မှာက
လူလည်းများသလိုအစားအသောက်အကြိုက်
တွေလဲ မတူတာမို့ မနက်စာကိုတောင်
တစ်မျိုးထဲစီစဉ်ပေးလို့မရပါ။
အိမ်မှာလူများတယ်ဆိုပေမယ့် ထိုလူတွေထဲမှာ
ကိုယ်နဲ့သက်ဆိုင်တဲ့ တစ်စုံတစ်ယောက်သော
သူမကတော့ မပါဝင်ပါ ။ ဒီမှာရှိနေတာက
ဖွားဖွား ၊ကြီးကြီးနဲ့သူအမျိုးသား ၊ နောက်ပြီး
သူတို့သားသမီး တွေဖြစ်ကျတဲ့ မမနှင်း ၊ မမဝါဝါနဲ့
ကိုလေးမင်းခန့် ၊ နောက်ထပ် အန်တီငယ်က
သူ့အမျိုးသားနဲ့ မူလတန်း အရွယ်သူ့ကလေး
နှစ်ယောက် ။ ကိုယ်ကတော့တစ်ယောက်ထဲပေါ့ ။
ကိုယ်နဲ့သက်ဆိုင်တဲ့ တစ်စုံတစ်ယောက်လို့
အသတ်မှတ်ခံထားရသည့် မေမေမြတ်က
သြဇီမှာသူ့အမျိုးသားရယ် ကိုယ်နဲ့
အမေတူအဖေကွဲညီလေးတစ်ယောက်နှင့်
အတူနေလေသည် ။

မောင့်ရင်ခွင်ဝယ် ခိုနားမယ် ( Completed ) Where stories live. Discover now