Part - 8 ( Unicode)

62.1K 3.9K 756
                                    

အပိုင်း -  ၈

         " မောင့်ရင်ခွင်ဝယ် ခိုနားမယ် "

မြေးနှစ်ယောက်ရဲအခန်းရှေ့ ပုတီးကြီးကိုင်ကာ
ပြုံးပြုံးကြီးရပ်နေမိသူက ဒေါ်နန်းဒေဝီပင်။
အခန်းရှေ့ကဖြတ်သွားမိတုန်း ကြွေရုပ်ရဲ့
အော်သံကိုကြားလိုက်ရတာကြောင့် ဘာများဖြစ်ကြ
တာလဲဆိုပြီးရပ်နေမိတာ ။ အချိန်တော်တော်
ကြာတဲ့အထိ ဘာသံမှဆက်ထွက်မလာဘဲ
အခန်းမီးပင်မှိတ်သွားကြလေပြီ ။ ကိုယ်ဝယ်ပေး
လိုက်တဲ့ အသစ်စက်စက်ညအိပ်ဝတ်စုံကအစွမ်းပြ
နေပြီထင်ပါရဲ့ ။

" စဝ်ခွန်အသင်္ခရေ! !  ဖြစ်ချိန်တန်ရင်ဖြစ်
ပျက်ချိန်တန်ရင်ပျက်တဲ့ ၊ဘုရားရှင်က ဟောခဲ့တာပဲ
ပဲလေ ၊ ဘယ်အရာကမှမမြဲပါဘူး ၊
အခုဖြောင့်နေပေမယ့် တော်ကြာနေ
ကွေးရင်လည်း ကွေးသွားနိုင်တာပဲမဟုတ်လား ၊
ဒီလိုမျိုး မမြဲခြင်းတရားတွေကို ငါ့မြေးကလက်ခံပြီး
ဂေးချိန်တန်လို့ဂေး ၊ ကွေးချိန်တန်လို့ကွေးရတယ်
လို့သာ စိတ်ကိုဖြေရင်းနဲ့ ၊ ရဲရဲသာဂေး ၊
ရဲရဲသာကွေးချလိုက်ပါတော့ အဖွားမြေးလေးရယ် "

*
*
*
*
*
*
*
*

" ကြွေရုပ်! ! အသင်္ခရာကို ဘာတွေ
လာပို့ပြန်ပြီလဲ ၊ခင်ဗျားလေးအကိုက ခွဲစိတ်ခန်း
ဂျူတီဝင်နေရတယ် "

ပထမတစ်ခါလိုပဲ ဆေးရုံအရှေ့မှာ ဂျိုင့်တစ်လုံး
ကိုင်ပြီးရပ်နေတုန်း အရင်ကတွေ့ဖူးခဲ့သည့်
ဒေါက်တာက စကားလာပြောခြင်းဖြစ်သည် ။
ဆေးရုံကိုနောက်တစ်ခေါက်ထပ်ပြီး မလာချင်
တော့ပေမယ့် ဖွားဒေဝီကခိုင်းတော့လဲ မလာဘဲ
နေလို့မရပြန်။ ဒါနဲ့ပဲနောက်တစ်ခေါက် ထပ်ရောက်
လာရခြင်းဖြစ်သည် ။ ဒီတစ်ခေါက်မှာလည်း
ဦးရာရာကို ရှာနေတုန်း ဒေါက်တာနဲ့အရင်
တွေ့ရပြန်၏ ။ ကြွေရုပ်လည်း လေးစားသမှုနဲ့
ခေါင်းလေးညှိမ့်ပြလိုက်ပြီး

" ဟုတ်! ဦးရာရာက ညဂျူတီဝင်ရတော့
ဒီမနက်ဘာမှစားရမှာမဟုုတ်သေးလို့ ဖွားဒေဝီက
နန်းကြီးသုတ်လာပို့ခိုင်းလို့ပါ "

" ဟုတ်လား ကြွေရုပ်အကိုအတွက်ပဲပါတာလား
ကိုယ့်အတွက်ရော ပါမလာဘူးလား "

တဖက်ကစနောက်နေမှန်းသိပေမယ့် ကြွေရုပ်က
အားနာသွားမိပြီး

မောင့်ရင်ခွင်ဝယ် ခိုနားမယ် ( Completed ) Where stories live. Discover now