Part - 7 (Unicode)

61.4K 3.8K 621
                                    

အပိုင်း -  ၇

         " မောင့်ရင်ခွင်ဝယ် ခိုနားမယ် "

စဝ်ခွန်အသင်္ခရာရဲ့ကားလေး ခြံထဲကနေ
ထွက်သွားတဲ့အချိန် အိမ်ရှေ့အခန်းဝမှာ
လူတစ်ယောက်ထွက်ပေါ်လာ၏ ။ ဘယ်သူ
ဖြစ်မယ်ထင်ပါသလဲ ။ ဟုတ်ကဲ့
စဝ်ခွန်အသင်္ခရာရဲ့ ချစ်လှစွာသောအဖွား
ဒေါ်နန်းဒေဝီပင်ဖြစ်လေတော့သည် ။ ဒေါ်နန်းဒေဝီ
ကတော့ခြံပြင်ထွက်သွားပြီဖြစ်တဲ့ ကားရဲ့
နောက်ကျောကို လှမ်းကြည့်နေကာ မျက်နှာပေါ်
မှာလည်း ခပ်မဲ့မဲ့အပြုံးတစ်ခုတပ်ဆင်ထားမိသည်။

" စဝ်ခွန်အသင်္ခရာရေ! ! ငါ့မြေးက
ကျားတော့ကျားပါပဲ၊ ဒါပေမဲ့ ငါ့မျက်စိထဲတော့
အတောင်နှစ်ဆယ်ဝတ်မင်းယောကျ်ားနဲ့
ဘယ်နေရာမှာမှ တူမနေဘူး ၊ နင်က
မကျားချင်တော့တာကို အတင်းကြီး
ဇွတ်ကျားပြနေရရှာတဲ့ ဖွတ်ကျားလိုကောင်
အဟင်းးး အဟင်းးး "

*
*
*
*
*
*
*
*

" ဒီနေရာမှာလက်မှတ်ထိုးလိုက်နော် လက်မှတ်
မထိုးခင် စာကိုသေချာဖတ်ကြည့်ဦး ၊ အဲထဲမှာ
ပါတဲ့ပစ္စည်းတွေနဲ့ငွေကြေးပမာဏက သားရဲ့
အမွေပိုင်ဆိုင်ခွင့်တွေပဲ ၊ လက်မှတ်ထိုးပြီးတာနဲ့
အကုန်လုံးကိုသားတစ်ယောက်ထဲ ပိုင်ဆိုင်သွား
မှာပါ "

စာရွက်ပေါ်မှာရှိနေသည့် ပိုင်ဆိုင်မှုအမည်စာရင်းက
အရမ်းများသည်မဆိုသော်ငြားလည်း အရမ်းကြီးတော့
မနည်းလှပေ ။ ကြွေရုပ်တစ်ကိုယ်စာအတွက်
လိမ္မာလျှင် တသက်တာလုံး ကောင်းမွန်စွာ
စားသောက်နေထိုင်လို့ရသည့်ပမာဏပင်ဖြစ်သည်။
သို့ပေမယ့် ထိုအရာတွေကိုလိုချင်တက်မက်သည့်
စိတ်က ကြွေရုပ်မှာရှိမနေပါ ။

" သား မလိုချင်ဘူး ဦးလေးရယ် "

ဖွားရဲ့ရှေ့နေကြီးကိုသာ တိုးတိတ်စွာပြောမိ၏ ။

" ယူလိုက်ပါ သားရယ် ၊ ဒါက သားအဖွားရဲ့
နောက်ဆုံးဆန္ဒလေ ၊ နောက်ပြီး ဒါတွေကို
သားကလက်မခံလို့လဲ သားတို့ မိသားစုတွေရဲ့
သဘောထားကပြောင်းလဲမှာမဟုတ်ဘူး ၊
သားကဒီအမွေတွေကို လက်ခံသည်ဖြစ်စေ
လက်မခံဘူးဖြစ်စေ သူတို့ကသားကို မိသားစုဝင်
အဖြစ်ကနေ အပြီးအပိုင်ထုတ်လိုက်ဖို့လုပ်နေကျပြီ ၊
ရှေ့ရက်တွေကပဲ သားကို သူတို့မိသားစုနဲ့
လုံးဝမသက်ဆိုင်ကြောင်း နိုင်ငံပိုင်သတင်းစာကနေ
ကြော်ငြာလိုက်ပြီလို့ ပြောခိုင်းလိုက်တယ် ၊
နောက်ရက်တွေဆို သတင်းစာထဲမှာ ပါလာ
လိမ့်မယ်ထက်တယ် ၊ အဲဒါကြောင့် သားရဲ့
ရသင့်ရထိုက်တာတွေကိုတော့ လက်ခံပြီး
ဘဝအသစ်မှာကောင်းကောင်းမွန်မွန်နေရမှာပေါ့ "

မောင့်ရင်ခွင်ဝယ် ခိုနားမယ် ( Completed ) Where stories live. Discover now