Part - 21-1 ( Zawgyi)

9.4K 252 0
                                    

အပိုင်း - ၂၁-၁



ရုတ်တရက်ဆိုသလိုပင် အိမ်ရှေ့ခန်းဆီမှ ဝင်ဦး
အသံဖြင့် ဇာတ်ဝင်တေးတစ်ပုဒ်၏အသံက
အခန်းထဲထိဝင်ရောက်လာလေတော့၏ ။

🎶 ပြာရီမှိုင်းကာမို့မို့ ညို့ညို့ညိုလွင် ညင်းလေပြည်
သွေးလို့သာ ဖေးမကူချင် တိမ်လွှာလေးတွေပြေးကာ
တရွေ့ရွေ့ယူငင် ပြုံးလှောင်က ငြိုးဝတ်မှုံ မိုးပစ္စုန်ရှင် 🎶

🎶  ပြာရီမှိုင်းကာမို့မို့ ညို့ညို့ညိုလွင် ညင်းလေပြည်
သွေးလို့သာ ဖေးမကူချင် တိမ်လွှာလေးတွေပြေးကာ
တရွေ့ရွေ့ယူငင် ပြုံးလှောင်က ငြိုးဝတ်မှုံ မိုးပစ္စုန်ရှင် 🎶

🎶 သည်းသည်းမဲမဲ ရွာလိုက်မယ်ပဲဟန်တွေဆင်
ဖော်နဲ့ဝေးတဲ့သူမှာ အဆွေးသာပိုချင် 🎶

🎶 သည်းသည်းမဲမဲ ရွာလိုက်မယ်ပဲဟန်တွေဆင်
ဖော်နဲ့ဝေးတဲ့သူမှာ အဆွေးသာပိုချင် 🎶

Okay!! ဒီလောက်ဆို လိုက်ဆိုလို့အဆင်ပြေပြီ ။
သမီးကိုရင်ခွင်ထဲပိုက် ၊ သီချင်းတီးလုံးလေးကို
အရင်ဝင်လိုက်ပြီး ပထမဆုံးအကြောင်းကို
စပြီးဆိုဖို့ဟန်ပြင်နေတုန်းမှာပင်

🎶  ပြာရီမှိုင်းကာမို့မို့... 🎶

ရုတ်တရက်ဆိုသလိုပဲ ကြွေရုပ်ရင်ခွင်ထဲမှာနို့စို့
နေသည့်သားငယ်က နို့ဝသွားသည့်ဟန်ဖြင့်
နို့စို့ခြင်းကိုရပ်လိုက်တာကြောင့် ကြွေရုပ်၏
ဝင်းမွှတ်လုံးဝန်းနေသော ချယ်ရီသီးလေးနှစ်မွှာသည်
အသင်္ခရာမျက်ဝန်းထဲ ထင်းကနဲလင်းကနဲ
ကွင်းကွင်းကွက်ကွက် ဝင်ရောက်လာလေတော့၏ ။
ခါတိုင်းလဲ မြင်ဖူးနေပေမယ့် အခုအခြေအနေနှင့်
တော့မတူညီပါ ။ ထိုအခိုက်မှာပဲ အောင်မြင်ထည်ဝါပြီး
ထုံးစံအတိုင်း ဘယ်ကီးနဲ့မှမငြိသောသီချင်းသံကြီးသည်
ကိုယ့်ပါးစပ်ထဲကနေ လွှတ်ကနဲထွက်သွားရလေ
တော့သည် ။

🎶  ပြာရီမှိုင်းကာမို့မို့ နို့စို့ချင်တယ် 🎶

*
*
*
*
*
*
*
*

" ဦးရာရာ!!!!"

ခေါ်လိုက်သည့်အသံက ခပ်တိုးတိုးပေမယ့် ထိုအသံ
ထဲမှာပါဝင်လာသည့် ဒေါသအငွေ့အသက်ကတော့
အနူမြူဗုံးအလုံးတစ်ရာထက်ပိုပြီးအားပြင်းလှကြောင်း
ခံစားသိရှိလိုက်ရသည်။ ကလေးတွေနိုးမှာစိုးတာကြောင့်
ခပ်တိုးတိုးအော်လိုက်ရပေမယ့် ဖြစ်နိုင်ရင် လေလိုအလျင်
ဖြင့် ကိုယ့်အနားကိုရောက်လာကာ ထုချင်ရိုက်ချင်စိတ်ပင်
ပေါ်နေလောက်လေသည်။ ကိုယ်ကလည်း ဘာကြောင့်
ထိုစကားလုံးတွေကိုယ့်ပါးစပ်ထဲကနေ ထွက်လာသလဲ
ဆိုတာကို ကိုယ်ဝမ်းနာကိုယ်သာသိ။

မောင့်ရင်ခွင်ဝယ် ခိုနားမယ် ( Completed ) Where stories live. Discover now