Part - 14 ( Zawgyi )

11.8K 323 3
                                    

အပိုင်း - ၁၄


" အဲဒါတွေကိုတစ်နေ့တစ်စုံဝတ် ၊ ကုန်သွားရင်
မောင် ထပ်ဝယ်ပေးမယ် "

ကြွေရုပ်ကတော့ ကိုယ့်လက်ထဲအထုတ်တွေ
ထည့်ပေးပြီးအခန်းအပြင်ပြန်ထွက်သွားသူကို
ဘာများဖြစ်လို့လဲဆိုပြီး လိုက်ကြည့်နေမိသည်။
တော်တော်ကြာမှ သတိဝင်လာပြီးအထုတ်တွေကို
ဖွင့်ကြည့်လိုက်သည့်အချိန် ကိုယ့်မျက်နှာကို
ရေနွေးပူပူတွေနှင့် အပတ်ခံလိုက်ရသလိုမျိုး
ခံစားလိုက်ရတော့၏ ။ ဒါ! ဒါတွေကိုတကယ်ကြီး
ဝတ်ရမှာလား ။ ဦးရာရာကရော ဒါတွေကို
ဘယ်လိုမျက်နှာနှင့်သွားဝယ်လာခဲ့လေသလဲ ။
ရှက်လွန်းတာရော ရင်ခုန်တာပါပေါင်းပြီး လူက
ကတုန်ကယင် ဖြစ်လာရလေတော့သည် ။
ဒီကြားထဲ ဝသုန်မစလိုက်သည့်
* နင့်က နင့်လူကြီး ကျွေးတဲ့ဆေးတွေနဲ့
တည့်ပုံရတယ် * ဆိုသည့်စကားက နားထဲက
နေမထွက် ။

အောင်မလေး သေကုန်တော့မှာပါပဲလေ ။

*
*
*
*
*
*
*
*

" ဂူးဂူး အမွေတွေကို သူ့အမေဆီကိုလွှဲပေးဖို့
ဖွားကသဘောတူတယ် ၊ နောက်ပြီး ဂူးဂူးရဲ
ခွဲစိတ်မှုအတွက် ကုန်ကျမယ့်စရိတ်တွေအတွက်
ဖွားကပဲတာဝန်ယူပေးမယ် ၊ နောက်ဆုံးတစ်ချက်
အနေနဲ့က ဖွားရဲ့လက်ရှိသားသမီးတွေကို သူတို့
ရပိုင်ခွင့်အတွက်အမွေခွဲပေးပြီးသား၊ မြေးတွေ
အတွက်လည်း သင့်တော်သလိုစီမံပေးပြီးပြီ ၊ မြေးရဲ့
မိဘတွေကတော့ အမွေမခွဲရသေးခင်ထဲက ဆုံးပါး
သွားခဲ့ရတာဆိုတော့ သူတို့အတွက်ရပိုင်ခွင့်တွေ
အားလုံးကို သူတို့ရဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့
မြေးကပဲပိုင်ဆိုင်ခွင့်ရှိတယ် ၊ နောက်ပြီး အခြား
မြေးတွေကို ဖွားကထောက်ပံ့ပေးခဲ့သလိုမျိုး
သားအတွက်လဲလုပ်ပေးရဦးမယ် ၊ အဲဒါကြောင့်
သားက သားမိဘအမွေတွေအတွက်ရော သားရဲ့
ကိုယ်ပိုင်ရပိုင်ခွင့်အတွက်ပါ ပိုင်ဆိုင်ခွင့်ရှိသွားပြီ ၊
အဲဒီအတွက်ဖွားက တရားဝင်လွှဲပေးတော့မှာ "

ဖွားက ရုတ်တရက်ကြီးဂူးအမွေတွေကို အခြားကို
လွှဲပေးဖို့အတွက်သဘောတူယုံသာမကဘဲ ကိုယ့်ကိုပါ
အမွေတွေလွှဲပြောင်းပေးမယ်ဆိုလေသောအခါ
အသင်္ခရာ မှာအံ့သြရပြန်သည် ။ မိဘအမွေ
ဆိုတာမျိုးကို တကယ်ပဲမမတ်မောသူမို့

မောင့်ရင်ခွင်ဝယ် ခိုနားမယ် ( Completed ) Where stories live. Discover now