Part -10 ( Unicode )

66.4K 3.1K 502
                                    

အပိုင်း - ၁၀

         " မောင့်ရင်ခွင်ဝယ် ခိုနားမယ် "

🎶 ဂွမ်! ဂွမ်! စည်းနဲ့ဝါး စည်းနဲ့ဝါး စည်းနဲ့ဝါးလေး
စည်းနဲ့ဝါး ဂွမ်! ဂွမ်! စည်းနဲ့ဝါး စည်းနဲ့ဝါး
စည်းနဲ့ဝါးလေး စည်းနဲ့ဝါး ဂွမ်! ဂွမ် !တံ တျာ
တေ ရှင် ဂွမ်! ဂွမ်! 🎶

"အဲဒါပြီး ဘာဆက်ဆိုရမှာလဲ ကြွေရုပ်
မောင်မေ့သွားပြီ "

" ဘယ်သိမတုန်း မရရင် အစကနေပြန်ဆို "

" အင်း ဟုတ်ပြီ ဟုတ်ပြီ "

🎶ဂွမ်! ဂွမ်! စည်းနဲ့ဝါး စည်းနဲ့ဝါး စည်းနဲ့ဝါးလေး
စည်းနဲ့ဝါး ဂွမ်! ဂွမ်! စည်းနဲ့ဝါး စည်းနဲ့ဝါး
စည်းနဲ့ဝါးလေး စည်းနဲ့ဝါး ဂွမ်! ဂွမ် !တံ တျာ
တေ ရှင် ဂွမ်! ဂွမ်! 🎶

ရေသန့်ဘူးခေါက်ပြီး စည်းနဲ့ဝါးသီချင်းကို
ကီးကြောင်သံနဲ့ဆိုပြနေသူရယ် ၊ ထိုသူရဲ့မျက်နှာကို
ပြုံးပြုံးကြီးငေးနေသူရယ် ။ ဘဝက
တစ်ခါတစ်ကျတော့လည်းအခုလိုပဲ သောတ်တလွဲ
တွေနဲ့ ပျော်စရာကောင်းနေပြန်သည်။

*
*
*
*
*
*
*
*

ဒေါ်နန်းဒေဝီတစ်ယောက် တောင်ကြီးကအိမ်ကို
ခဏလေးပြန်မိပါတယ် ။

* အိမ်မှာ ရန်ဖြစ်သံကြားရတယ် * ဆိုတဲ့အသံ
ကြောင့် ချက်ချင်းပြန်လာခဲ့ရသည် ။

* ကိုယ်မရှိနေတဲ့ ရက်ပိုင်းလေးအတွင်း
အိမ်မှာ ဘာတွေဖြစ်နေကျပြီလဲဟဲ့ *

* ကွဲကြ ကွာကြတော့မလား * ဆိုပြီး
ရင်တထိတ်ထိတ်နဲ့ ရန်ကုန်ကို ပြန်ဆင်းလာခဲ့ရ
ပေမယ့် အိမ်ရောက်တော့ရာသီဥတုက သာယာ
နေလေ၏ ။ သာယာယုံတင်မက တစ်ယောက်
လက်တစ်ယောက် ဆုပ်ကိုင်ထားရင်းကနေ

* ကျွန်တော်တို့ တရားဝင်မင်္ဂလာဆောင်တော့
မယ်ဆိုပဲ * ။

ဒီစကားက ကြွေရုပ်ပါးစပ်ကနေထွက်လာတယ်
ဆိုရင်တောင် ကြားကောင်းသေး ။ အခုဟာက
ကိုယ့်မြေး ကောက်တိကောက်ကွေးကောင်ဆီ
ကနေ ထွက်လာတဲ့စကားဖြစ်နေတာကိုက
ထူးဆန်းနေသည် ။ဒင်းကိုနည်းနည်းမှမယုံဘူး။

* ဘာတဲ့ ! ကျွန်တော်က Straight
စစ်စစ်ဗျ ၊ သစ်သားပေတံလိုကောင်ဗျနဲ့
သူ့ကိုယ့်သူ အတင်းကြီး အဂ္ဂမဟာသီရိသုဓမ္မ
အတင်းကရော ဇွတ်ဖြောင့်ပြနေရာကနေ
ကိုယ်မရှိတဲ့ရက်အပိုင်းလေးအတွင်းမှာပင်
ကွေးချသွားလိုက်ပုံကများ ဂ ငယ်ကွေ့ကပင်
ပထွေးခေါ်ရလောက်လေသည် *

မောင့်ရင်ခွင်ဝယ် ခိုနားမယ် ( Completed ) Where stories live. Discover now