Part - 15 ( Zawgyi )

13.4K 304 2
                                    

အပိုင်း - ၁၅


* ချိုရေ ငါကနင့်မြေးလေးကို ငါ့လိုအင်တွေ
အတွက် အသုံးချနေတာမဟုတ်ဘူးဆိုတာကိုတော့
နင်ယုံတယ်မဟုတ်လားဟင် ၊ ငါလေ တကယ်ပဲ
ကြွေရုပ်လေးကိုချစ်ပါတယ် ၊ ချစ်လွန်းလို့လဲ
ငါတို့မျိုးဆက်ရဲ့သွေးသားကို သူကိုယ်တိုင်မွေးပေး
တာကိုလိုချင်တာပါ ၊ အသင်္ခရာကငါ့မြေးဆိုရင်
ကြွေရုပ်ကငါ့အတွက်တော့နှစ်ယောက်မရှိနိုင်တဲ့
မြေးသားမက်လေးပါဟာ ၊ ဒီကလေးရဲ့ဝမ်းထဲကနေ
ဒီကလေးရဲ့မေတ္တာအပြည့်နဲ့ မွေးဖွားလာရမယ့်
ငါ့မြေးရဲ့သွေးသားလေးက တကယ်ပဲဒီမိသားစုရဲ့
အဖိုးတန်လေးဖြစ်လာမှာပါ ၊ နောက်ပြီး
ကြွေရုပ်မှာ ဘာအန္တာရာယ်တစွန်းတစမှမရှိအောင်
ငါက ပြင်ဆင်ထားပြီးသားပါ၊ ကြွေရုပ်ရဲ့
အနစ်နာခံမှုတွေအတွက် ငါကလဲအမြဲကျေးဇူး
တင်နေရင်း ငါ့အသက်ရှင်နေသရွေ့ဒီကလေးကို
ကာကွယ်ပေးမှာပါ ၊ ငါ ဒီကိစ္စမှာ မှားနေတယ်
ဆိုရင်တောင်ပုထုဇဉ်မို့အမှားမကင်းတာကို နင်က
ခွင့်လွှတ်ပေးပါ သူငယ်ချင်းရယ် "

*
*
*
*
*
*
*
*

" ဦးရာရာ... ဒီတစ်ပတ်နားရက်ယူလို့ရလားဟင် "

စာကြည့်ခန်းထဲအထိလိုက်လာပြီး တကူးတက
လာမေးသည့်စကားက ကိုယ့်ဆေးရုံကနေ
နားရက်ယူလို့ရလားဆိုသည့်စကားကြောင့်

" ဘာလို့လဲကြွေရုပ် ၊ ဘာကိစ္စရှိလို့လဲဟင် "

ကိုယ်ပြန်မေးလိုက်သည့်စကားကြောင့်
ကြွေရုပ်က သူ့မျက်ဝန်းလေးတွေထောင့်ကပ်ကာ
ကြည့်လာရင်း

" ကြွေရုပ်လေ ရုတ်တရက်ကြီး ခရီးသွားချင်
လာလို့ ၊ ဝသုန့်ကိုခေါ်ပြီးသွားမယ်ဆိုလဲ ဦးရာရာက
ခွင့်ပြုမှာမှမဟုတ်တာ "

ခေါ်နေကျအတိုင်း မောင် လို့တောင်မခေါ်ဘဲ
ဦးရာရာလို့ခေါ်လာထဲက ဒါကြွေရုပ်တို့ လိုချင်တာ
ရှိနေလို့ ချွဲနေတာမှန်းသိလိုက်သည် ။ ဖတ်လက်စ
ဆေးစာအုပ်ကို အဖုံးပြန်ပိတ်ထားလိုက်ပြီးမှ

" ဘယ်ကိုသွားချင်လို့လဲ ပြောကြည့် "

" သိဘူးလေ ၊ ဘယ်သွားချင်နေမှန်းတော့
မသိဘူး ၊ အေးအေးဆေးဆေးနေလို့ရတဲ့
နေရာလေးကိုသွားချင်တာ တစ်ညအိပ်လောက်
ဆိုရင်တောင်အဆင်ပြေတယ် "

မောင့်ရင်ခွင်ဝယ် ခိုနားမယ် ( Completed ) Where stories live. Discover now