Part - 19 ( Zawgyi )

10.4K 295 0
                                    

အပိုင်း - ၁၈


နှစ်ယောက်ထဲရှိနေတဲ့အချိန်မျိုးမှာ မင်းကိုချစ်လွန်းလို့
စနောက်မိတာမျိုးရှိကောင်းရှိနိုင်ပေမယ့် ဘယ်သူစိမ်း
တစ်ယောက်ကမှ မင်းရဲ့ဖြစ်တည်မှုနဲ့ မင်းရဲ့
ဂုဏ်သိက္ခာကိုစော်ကားတဲ့စကားမျိုး မောင့်အရှေ့မှာ
စနောက်ပြိီးတောင်မပြောစေရဘူး မောင့်အချစ်ရေ။
မောင်ကလက်ခံမှုမဟုတ်ဘူး ။ ဘယ်လိုအခြေအနေ
မှာမဆို မင်းအရှေ့မှာမောင်ရှိနေပေးမယ်။

*
*
*
*
*
*
*
*

" တကယ်အစောကြိိီး ပြန်လာတာလားမောင် "

" ပြန်လာလို့သာ ခင်ဗျားလေးက တွေ့နေရတာ
မဟုတ်ဘူးလား "

အောင်မယ်! လေသံကိုကလို့ ခပ်ရွဲ့ရွဲ့တွေးမိပေမယ့်
ကြွေရုပ်ကိုယ်တိုင်ကလည်း သူထမင်းစောစောစားခိုင်း
ထားတာကို အပျင်းကျပြီးမစားထားသည့်အပြစ်ရှိတာ
ကြောင့် အတက်နိုင်ဆုံးမျက်နှာချိုသွေးလိုက်ကာ

" အင်း အခြားဆရာဝန်တွေနဲ့အတူတူသွားကျတာ
ဆိုတော့ သူတို့ကခဏလောက်တော့ ထပ်ပြီး
ဆွဲထားမယ်ထင်နေတာ ပြန်လာမယ်ဆိုပေမယ့်
ချက်ချင်းကြီးထလာဖို့ အဆင်မပြေလောက်ဘူး
တွေးနေမိတာရယ် "

ကိုယ်ကသာ သူ့ကိုမော့ကြည့်ပြီးစကားတွေပြောနေတာ
ဦးရာရာက ကိုယ့်ကို လှည့်တောင်မကြည့်ပါ ။

" ဆွဲထားလည်း နေလို့မရတော့ဘူးလေ ၊ အိမ်မှာက
ပြောစကားနားမထောင်တဲ့ ကလေးတစ်ယောက်
ရှိနေတာကိုး အသက်ပြည့်ပြီးသားကလေးတွေက
ပြောစကားကိုပိုပြီးနားမထောင်ဘူး ကလေးဆိုးတွေ "

ဦးရာရာကတော့ ခြေလှမ်းကျဲကြီးတွေနှင့် ထမင်း
စားခန်းဆီသို့သွားနေပါပြီ ။ အဝတ်အစားတောင်
မလဲတော့တာမို့ သူ့အနေနဲ့.ကြွေရုပ်ကိုတော်တော်ကြီး
စိတ်အလိုမကျမှန်းသိသာနေ၏ ။ ထမင်းစားခန်းထဲ
ကိုရောက်တာနဲ့

" ဘာနဲ့စားမှာလဲ ပြော "

ဗိုက်ကတကယ်ကိုမဆာတာပါ ။ ဘယ်လိုမှစားချင်စိတ်
မရှိတာပါလို့ မပြောရဲတာကြောင့်

မောင့်ရင်ခွင်ဝယ် ခိုနားမယ် ( Completed ) Where stories live. Discover now