အခန်း၁

44.4K 702 7
                                    

(unicode)

''civil ဒုန်း...ဒုန်း....civil ဒုန်း....ဒုန်း..''

''Ep ဒုန်း...ဒုန်း...Ep..ဒုန်း...ဒုန်း....''

နည်းပညာတက္ကသိုလ်ကြီးရဲ့ အားကစားကွင်းကျယ်ကြီးထဲမှာ ဘောလုံးပွဲ ကျင်းပနေတာဖြစ်သည်။ ကွင်းထဲမှာ အလုအယက်ပြေးလွှားကစားနေတဲ့ finalကျောင်းသားတွေဖြစ်ပြီး၊ ကွင်းအပြင်မှာ ရေသန့်ဗူးတွေတီး၊ လက်ခုပ်တွေတီးကာ အားပေးနေတဲ့ ကျောင်းသူ၊ ကျောင်းသားတွေက မနည်းချေ။ နေ့လည် ၁၁နာရီမို့ နေကလည်း ပိုပူပြင်းလာကာ မကြာခင် အချိန်စေ့တော့မှာမို့ အနိုင်အရှုံးအတွက် အကုန်လုံးက စိတ်ဝင်စားနေကြပြီး အော်ဟစ်အားပေးနေကြသည်။ထိုအချိန်တွင်......။

''ဂိုလ်းးးးးး........''

''ဟေး....ကိုညဏ်ကွ.....''

ကွင်းရဲ့အလယ်ကနေ ဘောလုံးအင်္ကျီအနီရောင်ဝတ်ထားတဲ့ ကျောနံပါတ်11 က နောက်ဆုံးပိတ်ဂိုးသွင်းလိုက်ပြီး civil3- Ep2 နဲ့ ပွဲက ပြီးသွားပြီ ဖြစ်သည်။

''ဟဲ့..ဂိုးသွင်းတဲ့တစ်ယောက်က ချောတယ်နော်၊ထိပ်မှာ ဆံပင်လေးတွေကို စုစည်းထားတာ ချစ်စရာ၊ အရပ်ကလည်း အမြင့်ကြီး..''

''ချောဆို..သူက finalကလေ ၊ kingထက်တောင်နာမည်ကြီးသေး...နာမည်က..
ညဏ်ရည်သျှန်တဲ့..''

ကွင်းအပြင်ဘက်မှာ မိန်းကလေးတွေက ကျွတ်စီ၊ကျွတ်စီနဲ့ အသံတွေ ထွက်နေကြသည်။

''နောက်ဆုံးနှစ်ဆိုတော့... နောက်နှစ်မတွေ့ရတော့ဘူးပေါ့..ဟုတ်လား..ဟန်နီ''

''အင်း...ဟိုနက ဂိုးသွင်းတဲ့ပုံလေး ငါပုံရိုက်ထားတယ်...ဟီးဟီး...''

ဟန်နီက ပြောတယ်ဆို ဘေးနားမှာရှိတဲ့ ၃ယောက်လုံး ဖုန်းတွေ ထုတ်ကာ အလုအယက်viberက ပို့ခိုင်းတော့သည်။

''ဟဲ့...ငါ့လည်းကူးပေး...''

''ငါအရင်နော်...ဟန်နီမ..အခုပို့..အခုပို့...''

အသားက အရမ်းမဖြူသလို၊ ညိုလည်းမညိုပေ။
အရပ်က အမြင့်ကြီးဖြစ်ပြီး ကြည်လင်တဲ့ မျက်နှာပြင်မှာ နှာတံချွန်မြမြ၊ နီးမြန်းမြန်းနှုတ်ခမ်းအစုံနဲ့ စူးရှတောက်ပတဲ့ မျက်ဝန်းအစုံကြောင့် ညဏ်ရည်သျှန်ဆိုတဲ့ သူဟာ အတော်ကို ချောမောသည်။ အရင်ရင်တွေက ဆံပင်မတိုမရှည်တွေက နဖူးပေါ်မှာ ကပိုဂရိုကျနေပြီး ၊ ဒီနေ့မှ ထိပ်တည့်တည့်မှာ ယောင်ပေစူးလေးလို လုပ်ထားတာကလည်း တစ်မျိုးကြည့်ကောင်းနေသည်။ချွေးတွေရွဲနေပြီး မျက်နှာက နီမြန်းမြန်းဖြစ်နေပေမဲ့ ဆွဲဆောင်မှုက ရှိနေတုန်းဖြစ်သည်။

ချိုမြိန်သော ရင်ခုန်သံ (completed)Where stories live. Discover now