အခန်း၁၅

21.1K 469 6
                                    

(unicode)

ညဏ်နဲ့အတူ ညီသုရော ခဲတံရော လက်တွေထဲမှာ အထုပ်တွေအပြည့်ဖြစ်သည်။ညနေတည်းက၃လွှာမှာရှိတဲ့ တိုက်ခန်းကို တက်လိုက်ဆင်းလိုက်နဲ့ လိုတာတွေ ဝယ်ထည့်နေတာ ဓာတ်လှေကားနဲ့မို့တော်ရုံကျသည်။အချိန်က ည၈နာရီရှိပေမဲ့၃ယောက်လုံး ထမင်းလည်း မစားရသေးသလို၊
ရေလည်း မချိုးရသေးပါ။

''ဟေ့ရောင်...နောက်ရက်ကြရင် ၁ဝိုင်း
မဟုတ်ဘူး၊ ၁၀ဝိုင်းနော် ငါတို့ခြေထောက်ရော လက်ရောပြတ်တော့မယ် ...ခွေးသား ''

ခဲတံက အထုပ်တွေပစ်ချကာ ထိုင်ခုံမှာ ဝင်ထိုင်ရင်း အဆဲနဲ့ ပြောသည်။ သန့်ရှင်းရေးပါ မကျန်အကုန်ခိုင်းလို့ ညဏ့်ကို ဒေါကန်နေကြတာဖြစ်သည်။

''နေ့တိုင်းပြုစုမယ်ကွာ...မရဘူးလား..''

ညဏ်က ရေသန့်ဗူးကို မော့သောက်ရင်း ပြောလိုက်သည်။ ညီသုကတော့ ဝယ်လာတဲ့ ခေါက်ဆွဲကြော်၊ ကတ်ကြေးကိုက်တွေကို ပန်းကန်ထဲ လှယ်ထည့်ပြီး စားပွဲခုံပေါ်လာချသည်။

''အဟွန်း...လူမသိဘဲ အိုမဲ့ကောင်ကြီးအတွက် ချီယား....''

''ဟားဟား...ယောက်ဖကြီး...ချီယားကွာ...''

''ချီယား.....ခွေးသား၂ကောင်... ''

ဘီယာတစ်ယောက်တစ်ဗူးကိုင်မြှောက်ကာ ၃ယောက်သား ဝယ်လာတဲ့ဟာတွေနဲ့ စားသောက်ပြီး စကားစမြည်း ပြောကြသည်။
ညဏ်က အကြောင်းစုံပြောပြထားလို့ နှစ်ယောက်သားကဘာမှတော့ ထပ်မစပ်စုပေ။

စိတ်ထားသည် အဝတ်အစားတွေကို ခရီးဆောင်အိတ်ထဲ အစီအရီထည့်နေလိုက်သည်။ လက်ရှိအိမ်လေးကို လွမ်းပေမဲ့ အကြောင်းတွေက ဖြစ်လာတော့လည်း မတက်နိုင်ပေ။

''ငါ ဘာဝိုင်းလုပ်ရအုံးမလဲဟင်...စိတ်ထား ''

ချယ်ရီက မှန်တင်ခုံရှေ့မှာ ထိုင်လိုက်ပြီး ခုတင်ပေါ်မှာ ထိုင်ပြီး အဝတ်အစားတွေ သိမ်းနေတဲ့ စိတ်ထားကို မေးလိုက်သည်။

''ရပါတယ်..ချယ်ရီရဲ့၊ ငါလည်း ပြီးတော့မှာ ''

စိတ်ထားက အိတ်တွေကို အကုန်ဇစ်ပိတ်ကာ မှန်တင်ခုံပေါ်မှာရှိတဲ့ အလှပစ္စည်းတွေ၊ စညှပ်တွေ ခေါင်းစီးကွင်ဗူးတွေပါ အကုန်လုံးကိုတခြား အိတ်တစ်လုံးထဲ ထည့်သိမ်းသည်။ ချုပ်လက်စ ပိတ်စတွေနဲ့ အသုံးပြုတဲ့ဟာတွေကိုတော့ တခြားအိတ်အကြီးနဲ့အတူ ထည့်ထားပြီး ဟိုရောက်မှ မော်တာတစ်လုံးဝယ်ချုပ်မယ်ဟု တွေးလိုက်သည်။ဟိုတိုက်ခန်းမှာက ၆လလောက်သာ နေမှာဆိုတော့ စက်တွေကိုလည်း မရွေ့သွားချင်။ တော်ကြာ ရက်ကွက်ထဲက လူတွေ ရိပ်မိသွားမှာလည်း
စိုးသည်။သူငယ်ချင်းဖြစ်သူ ချယ်ရီကိုတော့
အမျိုးအိမ်သွားနေမယ်ဟု ညာထားလိုက်သည်။
ရင်ဖွင့်လို့ရပေမဲ့ ကြီးကြီးဆုံးတာလည်းမကြာသေးတော့ စိတ်ထားလည်း ဖွင့်ပြောရမှာ ရှက်မိသည်။ အဲ့ဒါကြောင့် မလိမ်ချင်ပေမဲ့ လိမ်လိုက်ရသည်။

ချိုမြိန်သော ရင်ခုန်သံ (completed)Where stories live. Discover now