အခန်း၁၉🌚

67.8K 574 11
                                    

(unicode)

    ညနေ၅နာရီခန့်ရှိပြီမို့ စိတ်ထားသည် ရေချိုးခန်းထဲမှာ ရေချိုးနေလိုက်သည်။ မောင်ပြန်မလာခင် ဆေးဆိုင်ကို အရဲစွန့်ပြီး သွားကာ အင်တာနက်က ရှာဖက်ထားတဲ့အတိုင်း ထိုဆေးကို ဝယ်လာပြီးကြိုသောက်ထားလိုက်သည်။ ဘာပဲဖြစ်ဖြစ် သတိဆိုတာ ပိုတာမရှိဟု တွေးပြီး ရေချိုးခြင်းကို လက်စသတ်လိုက်သည်။အထဲမှာတင် ခန္ဓာကိုယ်ကို ရေသုတ်ကာ အမွှေးပွသဘက်နီနီကြီး ပတ်ပြီးအပြင်ထွက်လာလိုက်သည်။

    ''ဟင်...''

ခုတင်ပေါ်မှာ အင်္ကျီချွတ်ကြီးနဲ့ မွှေ့ယာပေါ်ကို လက်တွေထောက်ကာ ထိုင်နေသော မောင်။
မျက်လုံးများက ရဲနေပြီး သူမကို စိုက်ကြည့်နေပုံက စူးစူးရဲရဲ ။ သူမလည်း ကိုယ့်ပုံစံကို သတိရကာပုခုံးလေးတွေ ကျုံ့သွားပြီး အင်္ကျီဝတ်ရန် ဘီရိုဘေးကို သွားလိုက်သည်။

    ''အမေ့!!!..''

မောင်က သူမကိုယ်လေးကို လှမ်းဆွဲပြီး ဖက်လိုက်သည်။ စိတ်ထားပုံစံလေးက သဘက်ရင်လျားလေးနဲ့ မောင်ရဲ့ပေါင်ပေါ်မှာ ထိုင်ရက်ကလေး ကျသွားရသည်။

     ''မောင်ကလည်း...လွှတ်ပါ၊ အင်္ကျီဝတ်မလို့''

အင်္ကျီမရှိတဲ့ မောင်ရဲ့ ရင်ဘက်ကြီးကို အသာတွန်းပြီး စိတ်ထားက အသံတုန်တုန်လေးနဲ့ ပြောသည်။ မောင်က ဘာမှမပြောဘဲ သူမရဲ့
ပါးလေးကို နမ်းသည်။

      ''ဘာလို့ရုန်းနေတာလဲ...မောင့်ကို မချစ်ဘူးလား...''

အရက်နံ့အနည်းငယ်ထွက်နေသော မောင်ရဲ့ နှုတ်ခမ်းများက သူမရဲ့ လည်တိုင်လေးနားမှာ ရစ်ဝဲရင်း တိုးတိုးလေးပြောသည်။ သူမမှာ
သဘက်လေး တစ်ထည်ဘဲ ပတ်ထားတော့
အနေရခက်စွာ ရုန်းနေမိသည်။

    ''လွှတ်ပါဆို...ပြောမရဘူးလား..''

ညဏ်သည် သူမရဲ့ နုရဲနေသော နှုတ်ခမ်းသားလေးတွေကို စိုက်ကြည့်ရင်း ခေါင်းယမ်းသည်။
ရေချိုးပြီးခါစ ဝင်းမွှတ်နေတဲ့ ပုခုံးလေးတွေကိုနမ်းလိုက်ပြီး အိပ်ယာထဲကို အတူလှဲချလိုက်သည်။ မိုးမချုပ်သေးတာ သိပေမဲ့ စိတ်တွေကရမ္မက်ခိုး ဝေနေရသည်။

ချိုမြိန်သော ရင်ခုန်သံ (completed)Where stories live. Discover now