အခန်း၂၅(End)

55.9K 623 42
                                    

(unicode)

  ၆လခန့်ကြာသော်....။

ဈိတျထားသညျ အခုဆိုရင် မောင်အရမ်းလိုချင်နေတဲ့ ကိုယ်ဝန်ကို လွယ်ထားရပြီဖြစ်သည်။ကိုယ်ဝန်က ၆လမို့ အနည်းငယ်ပူနေတဲ့ ဗိုက်ကရိုးရိုးအင်္ကျီတွေ ဝတ်လို့မရတော့ဘဲ ဗိုက်ဖုံးအင်္ကျီတွေသာ ဝတ်ရတော့သည်။

   ''မ....ဖြေးဖြေးလျှောက်လေကွာ..ချော်လဲမယ်''

''မလဲပါဘူး...မောင်ရဲ့..''

အိမ်ရှေ့နဲ့ ထမင်းစားခန်းထဲ ကူးတာတောင်
အကဲပိုနေတဲ့ မောင်ကြောင့် စိတ်ထားမှာ
ရယ်ချင်မိသည်။ ဒါ့အပြင် မောင်ရဲ့မေမေကလည်း နေ့တိုင်းဖုန်းဆက်ပြီး အားပေးရှာသည်။
ဟင်းမျိုးစုံချက်ပြီးလည်း စနိုးကို လာပို့ခိုင်းတက်သည်။

မောင်က အလုပ်သွားချိန်ကလွဲပြီး ကျန်တဲ့အချိန်မှာ သူမအနားမှာ အရိပ်တကြည့်ကြည့်နဲ့ဂရုစိုက်သည်။ အိပ်ခန်းထဲမှာလည်း ကလေးပုံလေးတွေ လိုက်ကပ်ကာ သူမရဲ့ဗိုက်လေးကိုတသသ။ ကလေးမရခင်က ကဲခဲ့သမျှ ကလေးလည်းရရော ဆရာဝန်က အတူနေလို့ရပါတယ်ပြောတာတောင် မောင်က သူ့သားလေးထိခိုက်မှာဆိုးလို့ မထိဘူးတဲ့။

''မ...နောက်ဖွေးက အချဥ်ပေါင်းပန်းကန်က
မ..စားထားတာလား...''

စိတ်ထားသည် ခိုးစားထားပါတယ်ဆိုမှ သိမ်းဖို့မေ့သွားပြီး အခုတော့အလိမ်ပေါ်သည်။

  ''ဟင် ...အင်း...နည်းနည်းပါ...''

ညဏ်က မျက်ခုံးများတွန့်ကာ ခါးထောက်ရပ်သည်။ နေ့လည်ဘက် သူအလုပ်သွားချိန်ဆို
အိမ်က အလုပ်သမား မနွယ်ကို ခေါ်ထားတော့သူမလေး သွားဝယ်ခိုင်းပြီး စားထားတာ ထင်သည်။

   ''မ..ကလည်း....အထဲက သားလေးကိုမချစ်ဘူးလား..တော်ကြာ သူ့ခမျှာ ပူနေအုံးမယ်..''

''အော်...သြော်..မောင်က ဒီကကို စိတ်မပူဘဲ
သားကို ပူလို့ပေါ့ ဟုတ်လား...''

ကိုယ်ဝန်နဲ့မို့ သူမရဲ့ စိတ်က အရင်ကထက်
ပိုဆက်သည်။

  ''မဟုတ်ဘူး...ဒါပေမဲ့ မောင်ကွယ်ရာမှာ
  ထင်သလို လျှောက်မစားနဲ့ကွာ..''

ညဏ်က သူမလေးနားကပ်ထိုင်ကာ ပုခုံးလေးကိုဖက်ရင်း ချော့ပြောသည်။

ချိုမြိန်သော ရင်ခုန်သံ (completed)Opowieści tętniące życiem. Odkryj je teraz