အခန်း၆

19.9K 488 4
                                    

(unicode)

စိတ်ထားသည် အိပ်ယာထဲမှာ ဟိုဘက်လှိမ့်လိုက်၊ ဒီဘက်လှိမ့်လိုက်နဲ့ အိပ်မပျော်နိုင်အောင်ဖြစ်နေရသည်။ နေ့လည်က ဖြစ်ပျက်တဲ့ ကိစ္စကို ခဏခဏ ပြန်တွေးရင်း ရင်ထဲမှာ လှုပ်ခက်လာရသည်။ သူ့ကို မုန်းစကား ဆိုလာရပေမဲ့ အိမ်ရောက်ကတည်းက ခဏခဏပြန်တွေးနေတဲ့ ကိုယ့်ကို မကျေမနပ်ဖြစ်ရင်း......။

''ring...ring....''

အတွေးတွေကို ရုပ်သိမ်းနေစဥ် အနားက မြည်လာတဲ့ ဖုန်းသံကြောင့် စိတ်ထားက အိပ်ယာထဲကနေ ဖုန်းကို လှန်းယူလိုက်သည်။ ပေါ်နေတဲ့ နံပါတ်ကြောင့် စိတ်ထားရဲ့ မျက်ခုံလေးတွေဟာ အလိုမကျစွာ တွန့်သွားရသည်။ ခေါ်နေတဲ့ ဖုန်းကို သူမ ကြည့်နေရင်း ခဏနေတော့ ကျသွားသည်။

''တင်!!!!''

ဖုန်းရဲ့မျက်နှာပြင်က တစ်ချက်ပြန်လင်းလာပြီးမက်ဆေ့တစ်ကြောင်းကို တွေ့လိုက်သည်။

# ကျွန်တော်ဖုန်းကို ဒီတစ်ခါမကိုင်ရင် အိမ်ရှေ့ကအော်ခေါ်မှာနော်၊ မလုပ်ဖူး..မထင်နဲ့...#

ခဲတံတို့အိမ်ရှေ့ရဲ့ လမ်းမပေါ်မှာ ကားကို ကပ်ရပ်ကာ ညဏ်က ကားပေါ်ကနေ ဖုန်းခေါ်နေတာဖြစ်သည်။ အချိန်က ည၉နာရီမို့ လမ်းမပေါ်မှာလူမပြတ်သေးပါ။ ညီသုနဲဲ့ ခဲတံက သူတို့ခြံရှေ့က အုတ်ခုံမှာ ဂီတာကိုင်ရင်း ထိုင်စောင့်နေကြသည်။

''ဟေ့ရောင်...မပြီးသေးဘူးလား..''

သူ ဖုန်းပြောနေတယ်ထင်ပြီး ခဲတံက ကားမှန်နားက အသံတိုးတိုးဖြင့် လာပြောသည်။

''ခဏနေအုံး..ငါလာခဲ့မယ် ''

''အေး ရတယ် ၊ အေးဆေးပြော ''

ခဲတံ ထွက်သွားမှ ကားမှန်ကို ပြန်တင်ကာ ဖုန်းထပ်ခေါ်လိုက်သည်။ သူမှာသာ အိမ်ရောက်ကတည်းက နေမထိထိုင်မသာ ဖြစ်နေရပြီး စိတ်ထဲက ပိုစွဲလမ်းသွားရသည်။ နုညံ့အိစက်နေတဲ့ မ ရဲ့နှုတ်ခမ်းနွေးနွေးလေးကို ပြန်စဥ်းစားတိုင်း ရင်ဘက်ထဲမှာ ရင်ခုန်သံတွေက ဆူညံသွားရသည်။

''ring....ring.....ring....''

အခန်းတံခါးလေးကို အသာဟပြီး ကြီးကြီးမြတ်ကို ချောင်းလိုက်သည်။ အိမ်ရှေ့ခန်းမှာ မီးအဝါလေးမြင်မှ အပေါ်ထပ်တက်ပြီး အိပ်ယာဝင်ပြီဖြစ်ကြောင်း သိလိုက်သည်။ စိတ်ထားသည်လက်ထဲက မြည်နေတဲ့ ဖုန်းကို အသာစုပ်ကိုင်ပြီး အခန်းတံခါးကိုပြန်ပိတ်ကာ ဖုန်းကိုင်လိုက်သည်။

ချိုမြိန်သော ရင်ခုန်သံ (completed)Tempat cerita menjadi hidup. Temukan sekarang