အခန်း၃

24.4K 544 9
                                    

(unicode)

''နာမည်က စိတ်ထားမြတ်၊ အသက်က ၂၅၊
ကြီးကြီးအပျိုကြီးနဲ့အတူနေပြီး အိမ်မှာစက်ချုပ်တယ်...ဒါပေမဲ့ ဘွဲ့ရပညာတက်နော်..''

ခဲတံပြောသမျှ ညဏ်က သေချာနားထောင်နေသည်။ ညကအိပ်ယာထဲမှာတောင် သူမလေးရဲ့မျက်နှာလေးကို ပြန်မြင်ယောင်ရင်း သူ့ရင်ထဲမှာ တသိမ့်သိမ့် ဖြစ်နေရသည်။ မိန်းကလေးတွေအများကြီးကို မြင်ဖူးပေမဲ့ ဒီတစ်ခါ ခံစားချက်ထူးဆန်းနေသည်။

''အဟွန်း...ပြီးတော့ရော ''

ညဏ်က စီးကရက်က ပြာကို လက်နဲ့ ခါထုတ်ရင်း စိတ်ဝင်စားဖွယ် ထပ်မေးသည်။ ညီသုကတော့ညဏ်ရဲ့ပုံစံကို အံသြကြီးစွာကြည့်နေလိုက်သည်။
မိန်းကလေးတွေကို စိတ်မဝင်စားပါဘူး၊ ကြည့်မရပါဘူးပြောပြီး အခုတော့ သူမဟုတ်သလိုမျက်နှာကြီးက ပြုံးဖြဲနေပြီး ခဲတံကို ပလိပ်စစ်သလို လုပ်နေတဲ့ ညဏ်ကို အထူးအဆန်းလို ကြည့်နေရင်း ညီသုက မဲ့လိုက်သည်။

''အခုချိန်ထိ ရည်းစားလုံးဝမထားဖူးသေးဘူးနော်၊ အေးအေးဆေးဆေးဘဲ နေတာကွ..''

''ဘာလဲ..မာနကြီးတာလား ၊ ကြိုက်မဲ့သူမရှိတာ လား...''

ခဲတံက ပေစောင်းစောင်းပြန်ကြည့်ကာ ဟွန့်ခနဲရယ်သည်။ ပြီးမှ ညဏ်ကို သေချာပြန်ကြည့်ရင်း စကားပြန်စသည်။

''ညဏ်ကလည်း...ကြိုက်မဲ့သူမရှိတာဟုတ်
မလားကွ..ရက်ကွက်မှာ နာမည်ကြီး၊ပြီးတော့မျက်နှာတင်မဟုတ်ဘူး..ကိုယ်လုံးကလည်း တကယ်လှတာနော်...လုံးဝ မယ်ကိုယ်လုံးမျိုး''

ညဏ်က မနေ့က အရှေ့တည့်တည့်ကဘဲ မြင်လိုက်ရလို့ သတိမထားမိလိုက်ပါ။ ဒါပေမဲ့ ရှေ့က ကြည့်တာတောင် မြန်မာဝတ်စုံနဲ့ အတော်လှသည်။

''ဒါနဲ့...မင်းတို့နဲ့အမျိုးတော်လို့လား၊ ဒီလောက် သိနေရအောင်...''

ညီသုက ခဲတံကို ဝင်မေးလိုက်သည်။အူအစ ချီးအဆုံး အကုန်သိနေတဲ့ ခဲတံက ခေါင်းအသာယမ်းပြရင်း ပါးစပ်ထဲ ထည့်ထားတဲ့ ကုန်းဘောင်ကြီးကြော်ထဲက ကြက်သားလုံးတစ်ခုကောက်ဝါးနေပြီးမှ ။

''မမမြတ်ရဲ့ ကြီးကြီးနဲ့ ငါ့အမေက သူငယ်ချင်းတွေလေ၊ အဲ့ဒါကြောင့် ဆွေမျိုးမဟုတ်ပေမဲ့ ခင်တယ်..''

ချိုမြိန်သော ရင်ခုန်သံ (completed)Tahanan ng mga kuwento. Tumuklas ngayon