အခန်း၂၂

26.3K 425 7
                                    

(unicode)

    ''မထနဲ့ကွာ...အစောကြီးရှိသေးတယ်''

    ''မောင်ကလည်း...၆နာရီကျော်ပြီ၊
လွှတ်ပါ''

ညဏ်က သူမလေးရဲ့ တစ်ကိုယ်လုံးကို သိမ်းကျုံးပွေ့ဖက်ကာ လွှတ်မပေး။ ရင်ခွင်ထဲကနေ တွန့်လိမ်နေအောင်ရုန်းနေတဲ့ သူမလေးရဲ့ နဖူးလေးကို
နမ်းလိုက်ပြီး...။

   ''ညကလည်း..ညဥ့်နက်မှအိပ်တာလေ၊ အဲ့ဒါကြောင့်..မောင်နဲ့အတူ နေမြင့်မှ ထလေ''

ညတုန်းက သူမလေးနဲ့ ကဲလိုက်တာ ဘယ်နှချီမှန်းတောင်မသိ။ အိပ်ယာဝင်တော့ ည၁၁နာရီခွဲ။သူက လူငယ်မို့ သက်လုံကောင်းပေမဲ့ ချစ်ရတဲ့သူမလေးကိုတော့ စိတ်ပူမိသည်။

   ''မဟုတ်တာ..မောင်ရယ်၊ စိတ်ထား နေမြင့်အောင် မအိပ်တက်ဘူး..ပြီးတော့ မောင် ကျောင်းမသွားဘူးလား..စာမေးပွဲနီးပြီဆို..''

  ''မသွားဘူး...အေးဆေးပါဆို၊ မိန်းမကလည်း..''

  ''အင်း..အဲ့ဒါဆိုလည်း အခုလွှတ်...''

''မလွှတ်ဘူးကွာ....အစောကြီးရှိသေးတယ်''

  ''လွှတ်ဆို...မောင်နော်..''

ညဏ်က စောင်ထဲကနေ အငြိမ်မနေတဲ့ သူမရဲ့ ရင်သားလေးတွေကို အိခနဲ ကိုင်ပစ်လိုက်သည်။

''အ့....မိုးမလင်းသေးဘူး..ဘယ်လိုဖြစ်နေတာလဲ''

''ကိုင်လို့ကောင်းလို့...အဟွန်း...''

အိမ်ထောင်သက်တမ်း၁လဘဲ ရှိသေးပေမဲ့ စိတ်ထားရဲ့ ရင်သားတွေက ပိုကိတ်လာရသည်။
အိမ်ထောင်စကျတဲ့ နေကတည်းက မောင်နဲ့အတူမနေတာ တစ်ရက်မှမရှိ။ တိုက်ခန်းမှာလည်း ၂ယောက်တည်းဆိုတော့ မောင့်စိတ်ကြိုက်ဖြစ်နေတာဖြစ်သည်။

    ''နာတယ်..တစ်ညလုံးလည်း နှိပ်စက်ထားပြီး၊ဖယ်ပေးတော့..မောင်ရယ်..''

  ''မ ကလည်းကွာ.....''

ညဏ်က စိတ်ပျက်လက်ပျက်နဲ့ လွှတ်ပေးလိုက်သည်။ ရင်ခွင်ထဲကနေ နှုတ်ခမ်းလေးထော်ကာစိတ်တိုနေတဲ့ပုံလေးက အသည်းယားစရာ။

စိတ်ထားသည် ထမင်းစားခန်းထဲမှာ ပြင်ဆင်ချက်ပြုတ်နေရင်း အချိန်တွေက တရွေ့ရွေ့၊
အခန်းထဲက ထွက်မလာတဲ့ မောင့်ကို မျက်မှောင်လေးကုတ်ကြည့်ရင်း သွားနှိုးဖို့ ဆုံးဖြတ်လိုက်သည်။

ချိုမြိန်သော ရင်ခုန်သံ (completed)Where stories live. Discover now