အခန်း၂၄🖤

40.5K 442 6
                                    

(unicode)

၂နှစ်ခန့်ကြာသော်.....။

      ''ဒါ...ဘာသဘောလဲ...မောင်...''

      ''ကျွတ်...မဟုတ်ပါဘူးဆိုကွာ...''

ညဏ်က ကျွတ်သပ်လျက် စိတ်ရှုပ်စွာ ဆံပင်တွေထိုးဖွပစ်သည်။ မနက်ကတည်းက မဟုတ်ပါဘူးပြောလည်း လက်မခံတဲ့ သူမလေးကို ဘယ်လိုပြောရမလဲမသိတော့။

စိတ်ထားသည် လက်ထဲမှာ ကိုင်ထားသော မောင်ရဲ့ ရှပ်အင်္ကျီပေါ်က နှုတ်ခမ်းနီရာရဲရဲကို ကြည့်ပြီးမျက်လုံးများက မီးဝင်းဝင်းတောက်နေရသည် ။ညကလည်း အလုပ်မှာ dinnerရှိလို့ဆိုပြီး နောက်ကျမှ ပြန်ရောက်လာပြီး မူးမူးနဲ့ အိပ်ပျော်သွားတဲ့ သူ့ကို ဒီမနက်မှ အခြေအတင် ရန်ဖြစ်နေရခြင်းဖြစ်သည်။

   ''ဒီမှာ လက်ပူးလက်ကြပ်မိတာတောင်၊ နင်ကဗြောင်ငြင်းတုန်း...အဲ့ဒါကြောင့် နင့်ကို ငါ
   မုန်းတာ...သိရဲ့လား...''

  ''ဘာ...မောင့်ကို မုန်းတယ်ဟုတ်လား....
  ပြန်ပြောစမ်း...မင်း..''

ညဏ်က သူမရဲ့ပုခုံးသားလေးကို ကိုင်လှုပ်ကာဒေါသတကြီးမေးသည်။ ရှင်းပြလည်း လက်မခံသူမ ထင်ရာပြောပြီး အခုမုန်းစကားပါဆိုလာတော့ ညဏ်သည် အနည်းငယ်စိတ်တိုလာရသည်။

    ''အ့...နင်လွှတ်နော်...''

စိတ်ထားရဲ့ ပုခုံးလေးကို အတင်းဖိဆုပ်ထားသောမောင်ကြောင့် သူမမှာ အနည်းငယ်နာကျင်လာရသည်။ လက်ထပ်ပြီးကတည်းက ဒီတိုက်ခန်းမှာဆက်နေဖြစ်ကြပြီး တစ်ခါတရံ ကတောက်ကဆဖြစ်တာကလွဲပြီး အဆင်ပြေတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားသည်။ ဒါပေမဲ့ ဒီတစ်ခါတော့ သူရဲ့ရှပ်အင်္ကျီအဖြူပေါ်မှာ နှုတ်ခမ်းနီအရာကြီးက ထင်းနေတော့ ဖောက်ပြန်နေတယ်ဆိုတာ အသိသာကြီးဖြစ်သည်။

     ''မောင့်ကိုမယုံဘူးလား...၊ တကယ်တော့အဲ့ဒီနှုတ်ခမ်းနီက ခဲတံကောင်မလေး မူးပြီး မောင့်နောက်ကျောကို ပစ်ကျတာ...''

မနေ့က dinnerက အပြန် ခဲတံတို့နဲ့မတွေ့ရတာကြာပြီမို့ ခဏဝင်ခဲ့တာဖြစ်သည်။ ဖြစ်ချင်တော့
သူ့ကောင်မလေးရော သူရော မူးနေကာ
ညဏ်ကအိမ်ပြန်လိုက်ပို့ခဲ့တာဖြစ်သည်။ အဲ့ဒီမှာ သူလည်းကားပေါ်ကို တင်ပေရင်း ဘယ်လိုဖြစ်သွားလဲမသိအင်္ကျီပေါ်မှာ နှုတ်ခမ်းနီအရာက အထင်းသား။

ချိုမြိန်သော ရင်ခုန်သံ (completed)حيث تعيش القصص. اكتشف الآن