အခန်း၁၄

20.1K 476 8
                                    

(unicode)

၂လခန့်ကြာသော်။

   ''ကြီးကြီးမြတ်....ကြီးကြီးမြတ်....''

ထမင်းစားခန်းထဲက ထွက်အလာ ခွေခနဲ ကျသွားသော ကြီးကြီးမြတ်ကို စိတ်ထားက အသံပြာအောင် အော်ခေါ်ကာ အနားကို ပြေးသည်။ မေ့လဲသွားတဲ့ ကြီးကြီးမြတ်ကို ကြည့်ပြီး ဘာလုပ်ရမှန်းမသိ။

   ''အဟင့်...အီး...ကြီးကြီးမြတ်...''

ငိုနေရင်း သတိရကာ ဖုန်းကိုပြေးယူပြီး ဆေးရုံကားခေါ်ရသည်။ တူအရီးနှစ်ယောက်ဘဲ ရှိလို့အရေးကြုံလာတော့ ဘယ်သူ့အားကိုးရမလဲ မသိပေ။ စိတ်ထားသည် မျက်ရည်တွေ အတောမသတ်နိုင်အောင် ကျပြီး အိမ်ရှေ့အိမ်ကိုလည်း ပြေးခေါ်ရသည်။ လဲနေတဲ့ ကြီးကြီးမြတ် ခန္ဓာကိုယ်ကြီးကို အခုထိလည်း ဝိုင်းမ မဲ့သူကမရှိတော့ အကူအညီတောင်းရတာ ဖြစ်သည်။

   ''ဟယ်.. မမြတ်...မမြတ်...ဒုက္ခပါဘဲ၊ အသားတွေလည်း အေးစက်ပြီး...''

  ''အန်တီ..ကြီးကြီးမြတ်က ဘာမှ မဖြစ်လောက်ပါဘူးနော်...အဟင့်...ဟင့်....''

  ''မဖြစ်ပါဘူး...သမီးရယ်၊ စိတ်အေးအေးထား..''

ခဏနေတော့ ဆေးရုံကားက ချက်ချင်းရောက်လာပြီး ဆေးရုံကို အရေးပေါ်နဲ့ ချက်ချင်းခေါ်သွားသည်။ စိတ်ထားမှာလည်း အိမ်နေရင်းပုံစံလေးနဲ့ ပိုက်ဆံအိတ်ကောက်ယူကာ တံခါးတောင် သော့မခတ်နိုင်ဘဲ လိုက်ပါသွားရသည်။

   ''အေး...ငါအခုဆေးရုံရှေ့ရောက်နေပြီ....''

    ''....................''

     ''အေး...ဒါဘဲ..ဟေ့ရောင်''

ညဏ်သည် ကားကို ပါကင်မှာရပ်ပြီးတာနဲ့ ဆေးရုံထဲ ပြေးဝင်ရသည်။ ခဲတံက လှမ်းပြောလို့ သိရပြီးချက်ချင်း နောက်က လိုက်ခဲ့တာဖြစ်သည်။

     ''ရှင်....ဆုံးပြီ ဟုတ်လား...''

သူရောက်သွားတုန်းမှာဘဲ နာ့စ်မလေးက လာအကြောင်းကြားသည်။ ထိုအသံကို ကြားပြီးတာနဲ့စိတ်ထားရဲ့ ကိုယ်လေးဟာ အမှောင်အတိကျသွားရသည်။

      ''ဟာ...မ... မ...လုပ်ပါအုံးဗျာ...''

ညဏ်လည်း ပြေးပွေ့ပြီး အနီးစပ်ဆုံးအခန်းတစ်ခုယူကာ ဆရာဝန်ပြေးခေါ်ရသည်။ အရမ်းshockရသွားလို့ သတိလစ်သွားတာ ပြောပြီး ဆေးတစ်လုံး ထိုးပေးခဲ့သည်။ ညဏ်က သူမလေးကိုစောင်ခြုံပြီးတာနဲ့ ဆုံးသွားတဲ့ သူမရဲ့အဒေါ်အတွက် ပြင်ဆင်တာတွေ၊ အအေးခန်းထဲ ထည့်ဖို့တွေ သွားပြောရသည်။ အကုန်ပြီးစီးလို့ ပြန်လာတော့ အခန်းထဲမှာ သူမကို မတွေ့ရပေ။

ချိုမြိန်သော ရင်ခုန်သံ (completed)Where stories live. Discover now