အခန်း၁၁

19.6K 515 6
                                    

(unicode)

''သား ....စာမေးပွဲက မနက်ဖြန်နော်၊ အိမ်စောစောပြန်ခဲ့ ''

မနက်စာ ကော်ဖီဝိုင်းတွင် ညဏ်က ကော်ဖီသောက်နေပြီး မေမေပြောတာကို ခေါင်းညိမ့်ပြသည်။ ဖေဖေကတော့ သတင်းစာဖတ်နေပြီးသူ့ကို စိတ်မဝင်စား။

''အင်းပါ မေမေရဲ့...အခုတော့
ကျွန်တော်သွားပြီနော်...''

ကျောင်းပိတ်ရက်ပေမဲ့ ကော့ပြန်နေအောင် ဝတ်စားကာ တစ်ကိုယ်လုံးလည်း မွှေးကြိုင်ပြီးအပြင်ကို ရေးကြီးသုတ်ပြာ ထွက်သွားတဲ့ သားကိုကြည့်ပြီး ဒေါ်သူဇာလင်းမှာပူရသည်။ အရွယ်တစ်ခု ရောက်နေပေမဲ့ မတော်တရောလေးတွေနဲ့တွေ့ပြီး လူငယ်ပီပီ မှားမှာကိုတော့ စိုးရိမ်သည်။

ညဏ်သည် ဒီနေ့အထူးပျော်ရွှင်ရသည်။ မ နဲ့ချစ်သူ ဖြစ်တာ ၁၅ရက်လောက်ရှိပေမဲ့ ဖုန်းပြော၊ညနေဘက် တစ်ခါတရံသူမလေး အပြင်ထွက်ရင်စကားပြော ဒီလောက်ဘဲ ရှိသည်။ ဒါပေမဲ့ ဒီနေ့ကိုတော့ နှစ်ယောက်သား ပထမဆုံး အပြင်ကို အတူတူလျှောက်လည်မှာ ဖြစ်သည်။

'' ring....ring....''

စိတ်ထားသည် အကုန်ပြင်ဆင်ပြီးလို့ ရေမွှေးဗူးလေး ကိုင်နေတုန်း ဖုန်းက မြည်လာသည်။

''ဟဲလို....''

''မောင်ထွက်လာပြီနော်...လမ်းထိပ်က
စောင့်နေမယ်...''

''အင်း...''

အပြင်မှာ ကြီးကြီးရှိလို့ စိတ်ထားသည် အင်းတစ်လုံးသာ ပြောပြီး ဖုန်းချလိုက်သည်။ ရေမွှေးပုလင်းကို ဖွင့်လိုက်ကာ ၂ချက်လောက်ဆွတ်လိုက်ပြီး ပြင်ဆင်မှုကို အဆုံးသတ်လိုက်သည်။
ကြည်ပြာရောင် ဝမ်းဆက်လေးက ခန္ဓာကိုယ်မှာအချိုးကျစွာ ချပ်ကပ်ပြီး လည်ပင်ပုံလေးက ဖားပါးစပ်လို ပြဲပြဲလေးမို့ ဖွေးဥနေတဲ့ ညှပ်ရိုးလေးတွေနဲ့ လည်ပင်းကျော့ကျော့လေးက ထင်းနေသည်။အကုန်ပြင်ဆင်ပြီးလို့ မှန်ထဲမှာသေချာကြည့်လိုက်ပြီး ကျေနပ်ပြီဆိုမှ စလင်းဘတ်အိတ်အမဲလေးကို ယူကာ အပြင်ကို ထွက်လိုက်သည်။

''ကြီးကြီးမြတ်...သမီးသွားပြီနော်...''

''အေးအေး...သမီး ''

ချိုမြိန်သော ရင်ခုန်သံ (completed)Where stories live. Discover now