အခန်း၁၇

22.7K 458 9
                                    

(unicode)

   ထမင်းစားပြီးတည်းက Tvထိုင်ကြည့်နေတာ ည၉နာရီ ရှိပြီ။ သူမှာသာ စိတ်လှုပ်ရှားပြီး စီးကရက်တွေ တစ်လိပ်ပြီး တစ်လိပ်သောက်နေတာ ''မ ''
ကတော့ ထိုင်ရာက တုပ်တုပ်မလှုပ်။

  ''မ... မအိပ်ချင်သေးဘူးလား.....''

ညဏ်က စီးကရက်ကို ပြာခွက်ထဲ ထည့်ပြီး သူမလေးအနား တိုးလိုက်သည်။ ''မ'' က သူ့မေးတာတောင်  အရေးမလုပ်ဘဲ မျက်လုံးတွေက tv​က မခွာ ။

   ''မ....မအိပ်သေးဘူးလားလို့ ''

ညဏ် ဒုတိယအကြိမ် မေးမှ သူ့ဘက်လှည့်လာပြီးခပ်အေးအေးပြန်ကြည့်ကာ စဥ်းစားသလို လုပ်နေပြီးမှ.....။

  ''အခန်းက တစ်ခန်းဘဲ ရှိတာလေ၊
အဲ့ဒါ...မောင်ဘယ်မှာအိပ်မလဲ....''

''ဟင် ''

ညဏ်သည် ''မ'' ရဲ့ အပြောကြောင့် မျက်ခုံးတန်းတန်း နှစ်ခုက တွန့်သွားရသည်။ အခန်းထဲကပြင်ထားတဲ့ နှစ်ယောက်အိပ်မွေ့ယာကြီးကိုမှမထောက် ၊ မေးနေတဲ့ပုံက အသည်းယားစရာ။

  ''အခန်းထဲမှာ...မ နဲ့အတူ အိပ်မှာပေါ့..''

စိတ်ထား ထင်နေသလို မောင်က ပြောသည်။
လက်ရဲဇက်ရဲ အငြိမ်မနေတဲ့ မောင့်ကို လက်မှတ်မထိုးရသေးဘဲ ယုံစားပြီးအတူတော့မအိပ်ရဲပါ။ သူမဘက်က ဘာမှကာကွယ်ထားခြင်းမရှိဘဲမောင့်ကိုအလိုလိုက်လို့ မဖြစ်ဘူးဆိုတာ သူမ ခေါင်းထဲမှာ သံပတ်ပေးထားလိုက်သည်။

ညဏ်က ပြောလိုက်ပေမဲ့ ''မ ''ပုံစံက လက်ခံမဲ့ပုံမဟုတ်ပေ။ တစ်ခုခုကို စဥ်းစားနေသလို ရှိပြီးခဏနေတော့ သူ့ကို မော့ကြည့်ကာ...။

  ''လက်မှတ်လည်းမထိုးရသေးဘူး...ဒီတစ်ည
  တော့ အတူအိပ်လို့မရဘူးလေ မောင်ရယ်..''

  ''ကျွတ်... တစ်ညတည်းနဲ့ မောင့်ကို ရက်စက်မလို့လား....လုံးဝဘဲနော် မောင်က ခွဲမအိပ်ဘူး... ပြီးတော့ ဆိုဖာပေါ်မှာ မောင့်အရပ်နဲ့ မဆန့်ဘူး''

ညဏ်က ကျွတ်သပ်လျှက် သူမကို ကြည့်ပြီး
လျှာ ခလုတ်တိုက်မတက် ပြောသည်။ ပြီးတော့သူမရဲ့ နဖူးပေါ်ကျနေတဲ့ ဆံစလေးတွေကို သပ်တင်ပြီး မျက်နှာချင်းထိကပ်လိုက်သည်။

ချိုမြိန်သော ရင်ခုန်သံ (completed)Where stories live. Discover now