အခန်း၅

20.7K 528 4
                                    

(unicode)

ညဘက် ၁၀နာရီ။ နေရာက crazy barမှာဖြစ်သည်။ ညဏ်တို့ သူငယ်ချင်းတစ်စု table
တစ်ဝိုင်းယူကာ သောက်နေကြသည်။

''ကွန်ဂရက်ကျူလေးရှင်း...ဂုဏ်ပြုတယ်ကွာ''

''တကယ်ပိုင်တယ်နော်...မင်းက ''

ညဏ်က ဝတ်လာတဲ့ ရှပ်အင်္ကျီအဖြူရောင်ကို အပေါ်ဆုံးက ကြယ်သီး၃လုံးခန့် ဖြုတ်ပြီး ခုံမှာခပ်လျော့လျော့မှီထိုင်ကာ ညီသုနဲ့ ခဲတံပြောသမျှနားထောင်နေသည်။ သီးချင်းသံတွေဆူညံနေတာမို့ သိပ်မသည်းကွဲပေမဲ့ ပါးစပ်အသွားအလာကြည့်ကာ ညနေက သူရည်းစား စကားသွားပြောခဲ့တာကို ချီးကျူးနေတာဖြစ်သည်။

''ယူ တို့နဲ့ ကမလား...''

အနီရဲရဲ တစ်ကိုယ်လုံးsexyဆန်စွာ ဝတ်စားထားတဲ့မိန်းမတစ်ဦးက ညဏ်ကို ကပ်ပြောသည်။ ဝီစကီပါ ချထားတဲ့ ညဏ်က ခပ်ထွေထွေ ဖြစ်နေပြီး ထို မိန်းမလှလေးခေါ်ရာ နောက်သို့...။

''ok....''

ညီသုနဲ့ ခဲတံကလည်း အသီးသီးထရပ်ကာ
မီးစလှိုက်တွေကြား ပျော်ရွှင်မြူးထူးစွာ ကခုန်နေကြသည်။

''အိုး...ယူက အရမ်းမိုက်တယ်...ချောလိုက်တာ''

''အဟွန်း...အဲ့လောက်တောင်ဘဲလား...''

''''''Are you ok..... dj စမယ်....'''''

မြူးကြွလာတဲ့သီချင်းနဲ့အပြိုင် သူ့ကို ရစ်ပတ်လာတဲ့ လက်အစုံကြောင့် စိတ်တွေ ရှုပ်ထွေးလာရသည်။ မျက်နှာမှာကာလာမျိုးစုံနဲ့ နှုတ်ခမ်းနီရဲရဲတွေကို ကြည့်ပြီး မရဲ့ သဘာဝပန်းရောင်သမ်းနေတဲ့ နှုတ်ခမ်းလေးတွေကို ပြန်မြင်ယောင်လာပြီး သူ့ရဲ့စိတ်ထဲမှာ မွန်းကျပ်လာရသည်။

''ကျွတ်....တော်ပြီကွာ....''

ညဏ်သည် ရင်ခွင်ထဲ ဝင်လာတဲ့ ကိုယ်လုံးကို ပြန်တွန်းထုတ်ပြီး လူအုပ်ထဲက ထွက်လာကာ စားပွဲမှာ ပြန်ထိုင်သည်။ ဝီစကီတစ်ခွက်ကို မော့ချရင်းလည်ချောင်းထဲမှာ ပူဆင်းသွားတဲ့ အရသာကိုခံစားပြီးမှ စီးကရက်ဗူးကို ထုတ်လိုက်သည်။
အတော်ကြာအောင် တစ်ယောက်တည်း သောက်နေပြီးမှ ခဲတံနဲ့ ညီသုက ဝိုင်းကို ပြန်ရောက်လာသည်။

ချိုမြိန်သော ရင်ခုန်သံ (completed)Where stories live. Discover now