အခန်း၂၁🌚

53K 459 9
                                    

(unicode)

ထမင်းစားမယ်ပြောပြီး အင်္ကျီလဲပြီးတာနဲ့
အိမ်ရှေ့က ဆိုဖာခုံမှာ ထိုင်ကာ ပွစိပွစိပြောနေတဲ့သူမလေး။ ညဏ်က အနားကပ်ပြီး မျက်နှာက ခပ်ပြုံးပြုံး ။

''နှာဗူးကောင်..လူညစ်ပတ်..အရှက်မရှိတာ''

''အဟွန်း..အခုထိ မမောသေးဘူးလားကွာ..''

ဟိုနက သူဆိုးခဲ့တာကို အခုထိ မကျေနပ်သေးတာဖြစ်သည်။ အမှန်ဆို သူက နှစ်ကိုယ်တူတောင် ချစ်ကြည်နူးချင်တာ ဖြစ်သည်။

''မမောဘူး.... နင့်ကို တကယ်လက်လန်တယ်သိလား...မိဘတွေနဲ့အတူသာ နေရင် ဘယ်လိုလုပ်မလဲ...''

''အဟွန်း...လင်မယားဖြစ်နေပြီးမှ အခန်းထဲမှာဘယ်လိုနေနေ သင့်တော်ပြီးသား..''

စိတ်ထားက မျက်စောင်းထိုးပြီး ဟိုဘက်တိုးထိုင်သည်။ နှစ်ယောက်ထဲ တိုက်ခန်းမှာဆိုတော့မောင်က ကဲချင်တိုင်းကဲနေတာဖြစ်သည်။

''မ...ထမင်းစားရအောင်လေ၊ နော်...
စိတ်မဆိုးပါနဲ့...မောင်က ချစ်လို့လေ...''

''ချစ်တယ်...ချစ်တယ် နဲ့ မောင်အကြောင်း
မသိရင် ခက်မယ်..''

စိတ်ထားက ပြောပြီး ထမင်းစားခန်းထဲဝင်သည်။
အကုန်လုံး အဆင်သင့်ခူးပြီးသာမို့ ထမင်းသာ
ထည့်ရန်ဖြစ်သည်။

''ညကြလည်း...မောင့်မိန်းမကို ချစ်အုံးမှာ..''

''မသိဘူး...အပြင်ထွက်အိပ်မှာ..''

''အဲ့ဒါဆို အပြင်မှာကဲမယ်ကွာ...ဘယ်လိုလဲ''

စိတ်ထားကို မရမက လိုက်စနေသော ညဏ်သည်
ရယ်မြူးသမ်းစွာ ကြည့်ပြီး .....။

''ကဲ...ထမင်းမစားတော့ဘူးလား..''

''စားမှာပေါ့.....''မောင့်မိန်းမလက်ရာလေးကို

စိတ်ထားက မောင့်ပန်းကန်ထဲ ဟင်းတွေခပ်ထည့်ပေးရင်း သူမလည်း အေးဆေးစားနေလိုက်သည်။
မောင်ကတော့ ထမင်းစားရင်းတောင် သူမရဲ့
ခြေထောက်လေးကို လိုက်ပွတ်သပ်နေသည်။

ညရောက်တော့ နှစ်ယောက်သား Tvကြည့်နေကြသည်။ စိတ်ထားရဲ့ ကိုယ်လေးကို ရင်ခွင်ထဲထည့်ဖက်ကာ မောင်က ခြေထောက်တစ်ဖက်ကိုစားပွဲစွန်းကို လှမ်းတင်ထားသည်။

ချိုမြိန်သော ရင်ခုန်သံ (completed)Where stories live. Discover now