အခန်း၈

18.7K 483 2
                                    

(unicode)

ညဘက်၈နာရီ။ စိတ်ထားတို့ သူငယ်ချင်းနှစ်ယောက် ရှေ့ဟောင်းနောက်ဖြစ်တွေ ပြောရင်းအိမ်ရှေ့က ဒန်းလေးမှာ ထိုင်နေကြသည်။

''အဟင်း...ကြည်ပြာတို့ကိုတောင်
လွမ်းလာပြီ''

''ဟုတ်ပနော်...သူတို့နဲ့မဆုံရတာ ကြာပြီ ''

စိတ်ထားသည် သူငယ်ချင်းဖြစ်သူနဲ့ စကားပြောနေပေမဲ့ မျက်လုံးထောင့်က ရပ်ထားတဲ့ ကားကိုတွေ့ပြီး ရင်ထဲ ထိတ်သွားရသည်။ ကားမှန်က အမည်းမို့ အထဲက လူကို မတွေ့ရပေ။

''မနက်ဖြန်ကြရင် ရုံးတက်ရမှာဆိုတော့
ငါ ညဘက်လည်း မလာတော့ဘူးနော် စိတ်ထား''

''အင်း...ငါနေရဲပါတယ်...''

သူငယ်ချင်းနှစ်ယောက် နေကြာစေ့ခွာရင်း၊ စားလိုက်ပြောလိုက်နဲ့ ရှိနေတုန်း.....။ အသံသြရှရှနဲ့ဂီတာတီးပြီး သီချင်းဆိုနေတဲ့ သူရဲ့အသံကို စိတ်ထား ကြားလိုက်သည်။ သီချင်းက နောနော်ရဲ့ ''အတိုင်းအထက်အလွန် '' ဖြစ်သည်။ ကားနဲ့ကွယ်ပြီး ဆိုနေသောကြောင့် လူကိုမမြင်ရပေမဲ့သူ့အသံဆိုတာ စိတ်ထား သိသည်။

🎸🎸🎸🎸🎸🎸🎸
အိပ်လို့မရဘူး မျက်လုံးတွေ မမှိတ်သေးဘူး
မြင်နေတယ် အခုထိ မင်းရဲ့နှုတ်ခမ်းပါးလေးပဲ🎸🎸🎸🎸🎸🎸
မြင်ယောင်ရင်း....လွဲလို့မရဘူး အာရုံက ဒီစက်ကွင်းထဲ အကြိမ်အခါတွေ မနည်းဘူး အခုထိ🎸🎸🎸🎸
မင်းအကြောင်း စဥ်းစားကာနေတုန်း.....
ဒီလိုညတိုင်း ငါနဲ့မင်း....အတူနေခွင့်ရှိရင်
အတိုင်းအထက်အလွန်ပဲ......🎸🎸🎸
ဒီလိုညတိုင်း ငါနဲ့မင်း အတူဆုံခွင့်ရှိရင်...
အတိုင်းအထက်အလွန်ပဲ......အို..ငါအတွက်တော့
.......................🎸🎸🎸🎸🎸🎸
စိတ်နဲ့ ကိုယ်နဲ့.. မကပ်တာ အို..မင်းကြောင့်...
ဘယ်အခြေနေ ရောက်ရောက်.. အတွေးထဲ
မင်းပဲ ရောက်ရောက်နေတယ်........
ခွင့်ပြုပါနော်...ငါ မင်းဆီ လာခဲ့မယ်...
အချိန်တွေအတိုင်းဘဲ ငါ့စိတ်က..
မင်းအနား ရောက်ရောက်နေတယ်...
ဒီလိုညတိုင်း ငါနဲ့မင်း အတူနေခွင့်ရှိရင်...
အတိုင်းအထက်အလွန်ဘဲ......။

'' အသံကတော့ ရှယ်ဘဲနော် စိတ်ထား..''

ချယ်ရီက သီချင်းလည်း ဆုံးရော ချီကျူးနေသည်။ စိတ်ထားကတော့ လက်ထဲက နေကြာစေ့ထုပ်ကို ကိုင်ရင်း အိမ်ပေါ်တက်ဖို့ ပြင်လိုက်သည်။ အခုချိန်လောက်ဆို ကားထဲကနေ ဒီဘက်ကို ကြည့်နေတော့မှာ ဖြစ်သည်။

ချိုမြိန်သော ရင်ခုန်သံ (completed)Unde poveștirile trăiesc. Descoperă acum