အခန်း၁၆

21.1K 503 20
                                    

(unicode)

  ညဏ်နဲ့ စိတ်ထားသည် သူရဲ့မိဘတွေအိမ်ရောက်နေတာဖြစ်သည်။ သူမထင်ထားတာထက် ညဏ်တို့မိသားစုက ချမ်းသာကြသည်။ မိဘ၂ဦးစလုံးကတော့ စိတ်ဓာတ်ကအစ ပြည့်ဝပြီး သူမကို သမီးလေးကို ဂရုစိုက်ပြီး ဖော်ရွှေစွာ ဆက်ဆံကြသည်။ အဲ့ဒီထဲမှာ ရောက်ကတည်း စိတ်ထားကို ဖက်ပြီး ကပ်ချွဲနေတာက ညဏ်ရဲ့ ညီမလေး စနိုး ဖြစ်သည်။

  ''မမ...နောက်ရက်တွေလည်း လာလည်နော်၊
  စနိုးဖြင့် ရောက်ကတည်းက ဖက်လို့ကို မဝဘူး၊ ဟီးဟီး...ချစ်စရာလေးမို့ ''

  ''အင်းပါ..ညီမလေးရဲ့...''

ညဏ်က အပေါ်ထပ်ကနေ luggageအိတ်တစ်လုံးကိုင်ကာ ဆင်းလိုက်လာပြီး သူ့ညီမကို မျက်စောင်းနဲ့ စောင် ကြည့်သည်။

  ''စနိုး...နင်အရမ်းမဖက်နဲ့လေ၊ မ အသက်ရှုကျပ်မယ်...ဟိုဘက်တိုးထိုင်...''

  ''အဲ့ဒီကိုလေးက...ဘာဖြစ်နေမှန်းမသိ၊ တကယ်ဘဲ...မနာလိုနေ သိလား...''

စနိုးကပြောရင်း သူမရဲ့ ပုခုံးလေးပေါ် မေးတင်ရင်း သူ့အစ်ကို့ကို ပြောင်ပြနေသည်။

  ''ဒီမှာ..သမီးတို့ယူသွားဖို့  ''

၅ဆင့်ချိုင့်ကြီး ကိုင်ထွက်လာတဲ့ အန်တီသည်
ပြုံးရယ်ပြီး စိတ်ထားရဲ့ အနားလာထိုင်သည်။
အန်တီတို့က စိတ်ထားရဲ့ သဘောထားကို နားထောင်ပြီး နားလည်လက်ခံကာ ၁လပိုင်းရောက်ရင်တော့ ခမ်းခမ်းနားနာမင်္ဂလာဆောင်ပေးမယ်ဟု ပြောသည်။

  ''ရပါတယ်...အန်တီရဲ့၊ ဒီနေ့ကဝယ်စားပြီး..
  မနက်ဖြန်ဆိုရင်တော့ သမီးအိမ်မှာ ချက်မှာဘာ''

''ဒီညနေတော့ ဝယ်မစားနဲ့တော့လေ..သမီးရဲ့၊မေမေ အများကြီးထည့်ပေးလိုက်တယ်...''

ဒေါ်သူဇာလင်းက ဖော်ရွေစွာပြောပြီး သူ့ကိုယ်သူလည်း မေမေဟု နာမ်စားသုံးသည်။ ညဏ်ရဲ့အဖေကတော့ ရောက်တုန်းက ရင်းရင်းနှီးနှီးနှုတ်ဆက်ပြီး အလုပ်ကိစ္စနဲ့အပြင်ထွက်သွားတော့ မရှိတော့ပေ။

  ''ဟုတ်ကဲ့...''

နှစ်ယောက်သား အန်တီတို့ကို နှုတ်ဆက်ကာ ကားပေါ်ပြန်ရောက်တော့ ညနေ၄နာရီကျော်ပြီ။ အပြင်ထွက်တုန်းမို့ city martကို လိုအပ်တဲ့ပစ္စည်းအနည်းငယ်နဲ့ ဟင်းချက်စရာ ဝယ်ရန် ဝင်လိုက်သည်။

ချိုမြိန်သော ရင်ခုန်သံ (completed)Where stories live. Discover now