အခန်း၂၀

32K 495 5
                                    

(unicode)

   မနက်ခင်တိုင်း၆နာရီဆို နိုးတက်တဲ့အကျင့်ကြောင့် စိတ်ထားသည် မျက်လုံးများပွင့်လာရသည်။သူမကို ရင်ခွင်ထဲ ထည့်ဖက်ကာ အိပ်မောကျနေတဲ့ မောင်ရဲ့ မျက်နှာခပ်ချောချောကို ကြည့်ပြီး ညကအဖြစ်ကို ပြန်မြင်သွားတော့မျက်နှာလေး ရဲသွားရသည်။ မောင်ရဲ့ ဖက်ထားတဲ့ လက်တွေကို ခွာချရင်း သူမ အိပ်ယာထဲက ထလိုက်သည်။ အိပ်ခံနီးဆေးသောက်အိပ်တော့ ထင်သလောက် မနာကျင်တော့ဘဲ သက်သာနေသည်။

ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်သွားတိုက်လိုက်ပြီး မောင်ယူလာပေးတဲ့ သနပ်ခါး ကျောက်ပြင်တွေကို ရေချိုးခန်းထဲက ဘေစင်ခုံမှာဘဲ အသာသွေးကာ မျက်နှာလေးပေါ်ကို လူးလိုက်သည်။ ဆံပင်လေးကို သေချာစည်းပြီး အခန်းအပြင်ထွက်လိုက်သည်။

ပထမဦးဆုံး ဘုရားသောက်တော်ရေကပ်ပြီး
ဘုရားရှီခိုးပြီးတာနဲ့ ထမင်းစားခန်းထဲဝင်ကာ
မနက်စာအတွက်ပြင်ဆင်နေလိုက်သည်။
ကော်ဖီကို အိုးလေးထဲမှာ သေချာနှပ်ကာ
ဖက်ထုပ်လေးတွေကို ပြုတ်ကြော်လုပ်လိုက်ပြီးကိတ်မုန့်လေးတွေပါ သေချာလှီးကာ ပန်းကန်ထဲမှာ ထည့်ထားလိုက်သည်။ အကုန်ပြီးတော့ ခုံပေါ်မှာ သေချာပြင်ဆင်ထားလိုက်သည်။

ညဏ်သည် ရင်ခွင်ထဲက အေးစက်စက်အရာကြောင့် ငုံ့ကြည့်လိုက်တော့ ချစ်ရတဲ့သူလေး
မဟုတ်ဘဲ ဖက်လုံးကြီး ဖြစ်နေသည်။ သူ မျက်မှောင်ကုတ်ကာ အခန်းထဲကို
လိုက်ဝှေ့ကြည့်ရင်း လိုက်ရှာနေမိသည်။
ထိုစဥ်အခန်းထဲကို သနပ်ခါးမှုံမှုံလေး လူးထားပြီး ဝင်လာတဲ့ သူမလေး..။

    ''မောင်...နိုးနေရင် ထတော့လေ..''

စိတ်ထားကနှိုးမလို့ လာပေမဲ့ မျက်လုံးကြီးပွင့်ပြီး လိုက်ငေးနေသော သူ့ကို ကြည့်ပြီး စောင်တွေခေါက်ရင်း ပြောလိုက်သည်။

    ''သနပ်ခါးလေးနဲ့ ချစ်ဖို့ကောင်းလိုက်တာ၊
    နမ်းတောင် နမ်းပစ်ချင်လာပြီ...''

   ''တော်ပါ...အခုမျက်နှာသွားသစ် ''

စိတ်ထားက မျက်စောင်းလေးရွယ်ကာ အခန်းအပြင် ပြန်ထွက်သွားသည်။ ညဏ်လည်း
သူမလေး ထွက်သွားမှ မျက်နှာသစ်သွားတိုက်လိုက်သည်။

ချိုမြိန်သော ရင်ခုန်သံ (completed)Where stories live. Discover now