Part-4

7.7K 218 1
                                    

💜💜ခမ်းနားသောချစ်ခြင်း💜💜
💜💜💜(အပိုင်း-4)💜💜💜

"နေပါဦး ငါဘာတေတွေးနေတာလဲ သတိထားဦး
မင်းကသင်္ကေတလေကွာ နေမင်းသင်္ကေတ"

ကိုယ့်ကိုကိုယ်ပြန်ပြောနေရင်း ရေချိုးခန်းဝင်ကာရေမိုးချိုးလိုက်သည်

မှန်မှာပေါ်နေတဲ့ ကိုယ့်ပုံရိပ်ကိုသေချာကြည့်မိသည်

ခပ်ကားကားပခုံးနဲ့ဆက်ထားတဲ့လက်မောင်းကအဖုအထစ်တေက ကွေးကြည့်စရာမလိုအောင်ပေါ်လွင်နေသည်
ဖြူဖွေးနေတဲ့ရင်ဘက်ထွားထွားတေရဲ့အောက်မှာ အမြှောင်းလိုက်ထင်းနေတဲ့ six-packတေ (ဂလု😋) 
ခန္ဓာကိုယ်တောင့်ချင်လို့မဟုက်ပဲ ကျန်းမာရေးအတွက် အားကစားလုပ်ထားတဲ့အကျိုးတေ
လည်တိုင်ရှည်ရှည်ရဲ့အထက်မှာ ယောက်ျားပီသတဲ့မေးရိုးတေကခန့်ခန့်ညားညားတည်ရှိလျှက်
စူးရှတဲ့ညိုဆွေးဆွေးမျက်လုံးတေက နေမင်းသင်္ကေတရဲ့ဆွဲဆောင်မှုအရှိဆုံးပင်
ဖြောင့်ဆင်းနေတဲ့နှာတံကခွဲစိတ်ထားသလားတောင်အောက်မေ့ရသည်
ရဲစိုပီးသေသပ်တဲ့နှုတ်ခမ်းပါးလေးတေကချစ်ဖို့ကောင်းသယောင်ဖစ်နေပေမယ့် တင်းတင်းစေ့ထားတဲ့ဟန်ပန်ကြောင့် ယောက်ျားပီသလွန်းနေသည်

"အဲ့လိုမိမိုက်နေတဲ့ရူပါအလန်းလေးပဲ ဆက်ထိန်းထား သင်္ကေတ ခလေးကအရမ်းကိုအချောစားလေးတေမှကြွေတတ်တာ သေချာတယ်"

အသန့်ကြိုက် ဇီဇာကြောင်ပေမယ့် တစ်သက်လုံးမလှချင်ခဲ့တဲ့
သင်္ကေတ အခုတော့အရမ်းတေမိမိုက်ချင်နေပါပီ

ရင်ဘက်ကရဲနေတာလေးတွေ့တော့
bioplacentonဘူးလေးကိုင်ပီးမှ

"ခလေးက သွားတိုက်ဆေးလိမ်းခိုင်းတာ"

ဆိုပီး ဆေးဘူးကိုပြန်ချကာ သွားတိုက်ဆေးလေးပွတ်လိုက်သည်

"အဟက် ဆေးရုံနဲ့ဆေးလုပ်ငန်းတခုလုံး ဦးစီးနေတဲ့ဆရာဝန်တယောက်က မင်းလေးစကားနားထောင်ပီး သွားတိုက်ဆေးတေလူးနေပီတဲ့လေ"

ကိုယ့်ကိုယ်ကိုကြိတ်ရီကာ အိပ်ယာပေါ်လှဲချပီးsaveလုပ်ထားတဲ့ခလေးပုံလေးတေထိုင်ကြည့်နေသည်

"လမင်းဘေဘီတဲ့ အေးချမ်းလိုက်တဲ့နာမည်လေး"

သူမလေးအကြောင်းတေတွေးကာစိတ်ကြည်ကြည်လင်လင်လေးနဲ့အိပ်လိုက်သည်

ခမ်းနားသောချစ်ခြင်း (Complete)Where stories live. Discover now