Part-38

4.1K 111 0
                                    

💜💜ခမ်းနားသောချစ်ခြင်း💜💜
💜💜💜(အပိုင်း-38)💜💜💜

"ဘုရားရေ Rape? အဓမ္မအကျင့်ခံရတာပေါ့လေ"

"အင်း တီလေးကသနားဖို့ကောင်းတယ်"

"အင်း သနားဖို့တော့ကောင်းတယ် rape caseဆိုတာက ရှက်တာတော့ရှက်တာပေါ့ ဒါမဲ့ လူကြီးတေနဲ့တိုင်ပင်ပီး ကျူးလွန်သူကို အပစ်ပေးရတာမျိုးလေ"

"အင်းပေါ့ အဲ့ချိန်က ဒီလောက်လဲပွင့်လင်းမြင်သာမရှိသေးဘူး ပီးတော့ တီလေးက အရမ်းအရှက်ကြီးတာ"

"တီလေးက ဘယ်အရွယ်လဲခလေး"

"တီလေးဆုံးတော့ အသက်24နှစ်"

"အော် လွန်ခဲ့တဲ့12နှစ်က24ဆိုတော့ ခလေးတီလေးက ဦးထက်လေးနှစ်ကျော်လောက်ကြီးတာပေါ့"

"အင်း အဲ့တုန်းက တီလေးက24ဆိုပေမယ့် ရည်းစားမထားဖူးဘူး
ယောက်ျားလေးတေနဲ့ အထိအတွေ့သိပ်မရှိတော့ ဒီကိစ္စကသူ့အတွက် သက်သေလောက်တဲ့ထိဖစ်သွားတာ"

"ကျစ် ဦးထင်တာ တခြားကိစ္စတခုခုကြောင့်ထင်တာ အဲ့Rapeကြောင့်လို့မထင်မိဘူး"

"အင်း အရမ်းကံဆိုးသွားတာ မကောင်းတဲ့လူတေကြောင့်"

"ဘယ်လိုဖစ်သွားတာလဲ ဦးသိလို့ရလားခလေး"

"အင်း တီလေးက companyပိုင်ရှင်တယောက်ရဲ့
Secretaryလုပ်တာလေ တနေ့ သူ့သူဌေးက နေအရမ်းမကောင်းလို့ သူကို ကိုယ်စားလှယ်တယောက်နဲ့ စာချုပ်ချုပ်ဖို့ အစားသွားခိုင်းတာ"

"အော် အဲ့လူက ယုတ်မာခဲ့တာပေါ့"

"အင်း ဟုက်တယ်"

"ဖေဖေမေမေတို့ရော မသိဘူးလား"

"ဟင့်အင်း ဘေဘီတို့အိမ်ကလူတေအကုန် တီလေးဆုံးပီးမှ ဒိုင်ယာရီစာအုပ်လေးဖတ်ပီး သိခဲ့တာ အမြဲငိုပီရေးခဲ့တဲ့ စာအုပ်လေး"

"သူ့Companyက သူဌေးကရော"

"အဲ့သူဌေးကပေါင်းကြံတာတဲ့"

"ဘယ်လို သူပါစော်ကားတာလား"

"ဟုက်ဘူး အဲ့လိုမဟုက်ဘူး အဲ့ဖစ်တဲ့နေ့က အဲ့လူယုတ်မာကပြောတယ်တဲ့ နင်တို့ သူဌေးကိုယ်တိုင် နင့်ကို ငါ့အတွက်စီစဉ်ပေးထားတာဆိုပီးတော့"

ခမ်းနားသောချစ်ခြင်း (Complete)Where stories live. Discover now