Part-68

4.1K 93 0
                                    

💜💜ခမ်းနားသောချစ်ခြင်း💜💜
💜💜💜(အပိုင်း-68)💜💜💜

"ကဲ ပီးပီ  သမီးလေး သေချာကြည့်ကြည့်ပါဦး စိတ်တိုင်းကျရဲ့လား"

မာမီ့အသံကြားတော့

ဘေဘီကိုယ့်ကိုကိုယ်မှန်ထဲကြည့်မိသည်

တကယ်တော်တဲ့မာမီပဲ
ဘေဘီ့နဂိုမျက်နှာလေးကိုပဲပေါ်အောင်ပြင်ပေးထားတယ်
မိတ်ကပ်သားပါးပါးလေးနဲ့ ကြည်ကြည်ပြောင်ပြောင်အသားအရည်လေး ရအောင်လိမ်းထားသည်
မျက်ခုံးမျက်လုံးတေအများကြီးမခြယ်ပဲတောက်တောက်ပပလေးဖစ်အောင်ပြင်ပေးထားတာ မျက်တောင်တုဆိုလဲ ဘေဘီ့မျက်တောင်ကရှည်ပီး ထူပီးသားမို့ တပ်စရာမလိုဘူးတဲ့လေ

"သမီးလေး မိတ်ကပ်ကပါးပါးလေးပေမယ့် ဓာတ်ပုံရိုက်ရင် မပေါ်မှာမစိုးရိမ်နဲ့သိလား ခန်းမထဲကမီးရောင်ထဲမှာ မျက်နှာလေးက ဝင်းပနေပီး ပေါ်လွင်နေမှာ"

"ဟုက် မာမီ"

"မျက်လုံးမျက်ခုံးလေးတေ နှာတံ မျက်နှာကျလေးတေဆိုလဲ နဂိုရှိပီးသားလေးအတိုင်းကိုမှ  ပိုပီးပေါ်လွင်အောင်ပြင်ပေးထားတာနော်"

"ဟီး"

"MDအသဲယားတာလဲမပြောနဲ့
ဒီနှုတ်ခမ်းဖူးဖူးလေးကို မာမီကချစ်လွန်းလို့ ကိုက်စားချင်စရာလေးဖစ်အောင်ကို အရောင်တင်ပေးထားတယ်နော်"

"ဟီး ဟုက်ကဲ့မာမီ"

ကဲဝတ်စုံဝတ်ပီး ထွက်ကြရအောင်

@@@@@

the Sign(Royal)ဟိုတယ်ကြီး
ရန်ကုန်မှာ အကြီးဆုံး ကန်တော်ကြီးကThe Signရဲ့ စံချိန်ကိုချိုးပီး သုံးဆလောက်ပိုကြီးအောင် တည်ဆောက်ထားတဲ့ကမ္ဘာ့အဆင့်မီဟိုတယ်ကြီး
အောက်ဆုံးထပ်ကခန်းမကြီးတခုလုံးကို မင်္ဂလာအခမ်းအနားပြုလုပ်ဖို့အလှဆင်ထားသည်

ဟိုတယ်အဝင်ကကနေ  မင်္ဂလာခန်းမအတွင်းအထိ လမ်းတလျှောက်လုံးတွင်  Prewedding ရိုက်ထားတဲ့ ပုံတေ ဘေဘီတို့နှစ်ယောက်ရဲ့ရည်းစားဘဝကပုံတေ ဗီဒီယိုတေ ပြသထားတဲ့ LEDဘုတ်ပြားများအား ပန်းပင်တေကြားနစ်မြုပ်မတတ်အလှဆင်ကာ ထောင်ထားသည်

ပန်းတေနှင့်ဒီဇိုင်းမျိုးစုံ ဖန်တီးထားသော Photo Booth များအားလဲ ပွဲလာတဲ့သူတေ အလှဓာတ်ပုံတေရိုက်ရန် လုပ်ပေးထားသည်

ခမ်းနားသောချစ်ခြင်း (Complete)Where stories live. Discover now