Part-71

4.5K 92 0
                                    

💜💜ခမ်းနားသောချစ်ခြင်း💜💜
💜💜💜(အပိုင်း-71)💜💜💜

"ခလေး ဖြေးဖြေး

"မကြောက်ပါနဲ့ ဦးရဲ့ ဘေဘီ့ကို ယုံလိုက်"

"အင်းပါ မကြောက်ပါဘူး"

လက်မက လက်သည်းအောက်ခြေ ထောင့်နားလေးကို အပ်နဲ့ဖောက်နေတဲ့ ဆရာဝန်မလေး
မကျွမ်းကျင်သေးသည်မို့ sizeစုံပါသည့် အပ်ဘူးလေးကို ဘေးတွင်ချပီး တချောင်းပီးတချောင်းနဲ့
ဖောက်ကြည့်နေသည်က ခံရသူအဖို့ မလွယ်လှ

"အား နာလိုက်တာခလေးရယ်"

"ခဏလေး ခဏလေးပဲ"

"ကျစ်"

"အင် ပေါက်သွားပီ"

"ပေါက်ပီလား ဟူးတော်သေးတာပေါ့"

လက်မကသွေးလေးတေကို ညှစ်ထုတ်ပေးကာ အရက်ပြန်ဆွတ်ထားတဲ့ဂွန်းလေးနဲ့ ဖိပေးထားသည်

"သက်သာလားဦး ရင်ထဲနဲနဲပေါ့သွားလား"

"အင်း ပေါ့သွားပီ အရမ်းပေါ့သွားပီ"

"ဟုက်လို့လား မသက်သာရင်ပြောနော် ဘေဘီထပ်ဖောက်ပေးမယ်"

"အမလေး မလုပ်ပါနဲ့ တော်တော်ကိုကောင်းနေပီ"

"ဦးကလဲ အပ်လေးဖောက်ရတာကို"

"ခလေးက ဦးပြတဲ့အကြောလေးပဲနှိပ်ပေးရင်ရသားနဲ့
အပ်ကြီးနဲ့ဖောက်တာကို"

"အော် အစာမကြေတာအတွက်ဆို Pricking ကအကောင်းဆုံးကုထုံးပါဆို"

"ဟုက်ပါပီ ဆရာမရယ် ကျွန်တော် ဘာဆေးတေရော သောက်ရဦးမလဲ"

"ရော့ အဲ့သုံးလုံးဝါးစား ပီးရင် ဘေဘီလေးကို ဖက်ပီး အိပ်လိုက်တော့"

"အဟက် ဖက်ရုံပဲနဲ့တော့ အစာမကြေလောက်ဘူး"

"ဟွန်းနော်"

"အဟက်"

@@@@@

ဘေဘီတရေးနိုးတော့

"ဦး"

"ခလေး ဘာလိုချင်လို့လဲ"

"ဗိုက်ဆာတယ်"

"ခေါက်ဆွဲပြုက်စားမလား"

"အင်း"

အိပ်ပျော်သွားရင် ဘယ်လောက်လှုပ်လှုပ်မနိုးတဲ့အိပ်ပုတ်လေးက
သူဗိုက်ဆာလာရင်တော့ သန်းခေါင်ကျော်လဲ တရေးနိုးတတ်တဲ့ အစားပုတ်လေးပါ

ခမ်းနားသောချစ်ခြင်း (Complete)Where stories live. Discover now