Part-63

5K 88 0
                                    

💜💜ခမ်းနားသောချစ်ခြင်း💜💜
  💜💜💜(အပိုင်း-63)💜💜💜

မျက်နှာသုပ်ပေးနေရင်းစူပုတ်ပုတ်နဲ့ခလေးကြောင့်

"ဟာ ဘာဖစ်လို့လဲ"

"သူကျတော့ရေချိုးပီးတော့ ဟွန့်"

"ဒီနေ့မဖျားရင် မနက်ဖန်ရေချိုးပေးမယ်နော် ခေါင်းလဲလျှော်ပေးမယ်"

"အဲ့လိုပြောတာဘယ်နှရက်ရှိနေပီလဲ လို့"

"ခလေးကလဲ ရေပဲအတင်းချိုးချင်နေတယ် စူးရှထက်လားပြော ခိုခိုပေပီ့ကိုရေချိုးပေး"

ရုပ်တည်ကြီးနဲ့ ချွဲပြနေတဲဦးကြောင့်

"ဟာ ဦးနေမင်းသင်္ကေတမျက်နှာမပြောင်နဲ့နော် ဒီကတကယ်ရေချိုးချင်ပါပီဆိုမှ အဟင့်"

"အေးပါ အေးပါခလေးရယ် ဒီညမဖျားရင် မနက်ဖန်တကယ်ချိုးပေးတော့မှာ"

"ပီးရော ကတိ"

"ကတိ ကတိ"

"လာ နို့ရည်လေးလိမ်းကြမယ်"

နို့ရည်လေးလက်ဖဝါးထဲထည့်ခါ မျက်နှာအိအိလေးကို ဖွဖွလေး လိမ်းပေးနေသည်

အမြဲနို့ရည်လေးပဲလိမ်းပီးနေတာတောင်ရှင်းလင်းနေတဲ့မျက်နှာလေးက ဝင်းမွတ်နေသည်
မျက်နှာ  အစိတ်အပိုင်း တခုချင်းကြည့်ရင် အရမ်းလှပီး အားလုံးခြုံကြည့်ရင် သူ့ခလေးက တအားချစ်ဖို့ကောင်းတာတော့သေချာသည်

ငေးကြည့်နေရင်းကအသိပြန်ဝင်သွားပီး

ခလေးထိုင်နေတဲ့ ထိုင်ခုံအောက်ကိုထိုင်ချပီး
ပြုံးကာ ဆူထော်ထော်နှုတ်ခမ်းလေးကိုလက်လေးနဲ့ညှစ်လိုက်ပီး

"အဲ့နှုတ်ခမ်းလေးဆူနေတာမပီးသေးဘူးလား မနက်ဖန်တကယ်ချိုးပေးမှာလေ"

"ဟွန့်"

ပြောရင်း လည်တိုင်လေးအောက်ကနေကြည့်တော့

"အဟက်"

စခိုးလာတဲ့နေ့ကစပီး ဒီနေ့ထိ သူပေးထားတဲ့
အနီရောင် အရာကလေးတေ ထပ်နေသည်

"ဘာတေကြည့်နေတာတုံး"

"ဒါလေးတေ"

မေးငေါ့ပီးဖြေတော့

"ရီးစားဘဝတုန်းကတော့ တခုလောက်လေးကိုဖုံးလိုက်ဖိလိုက်ရတာ အခုတော့ ပြောကိုမပြောချင်ဘူး"

ခမ်းနားသောချစ်ခြင်း (Complete)Where stories live. Discover now