Part-60

5.2K 94 0
                                    

💜💜ခမ်းနားသောချစ်ခြင်း💜💜
💜💜💜(အပိုင်း-60)💜💜💜

"ဦး ဒီအိတ်ထဲက အဝတ်အစားတေလား"

"အင်း ခလေးရော ဦးရော လိုအပ်တာတေ အားလုံးပေါ့"

"စုံပါ့မလား"

"စုံပါ့ ခလေး အဝတ်အစားတေ အလှကုန် ဖိနပ် အပြင် အတွင်းဝတ်တေရော
ဘာဘာ ညာညာတေကအစ အားလုံးပါတယ်"

"ဘာဘာညာညာတဲ့"

"ဘာလဲ ဘာသာပြန်ပေးရဦးမလား"

"တော်ပါ ကားဖြေးဖြေးမောင်းပါ ဦးရဲ့"

"မြန်နေလို့လား ခလေး မစီးရဲလို့လား"

"မဟုက်ပါဘူး ဦးနေမကောင်းလို့ ပင်ပန်းမှာကြောက်လို့"

"အဟက် ပူရန်ကော ဦးက ကားကို ပြေးပီးတွန်းနေရတာမှမဟုက်တာ ခလေးရဲ့"

"ပီးတာပဲ အာ့ဆို အခုဒါ ဘယ်နားလဲ"

"လှည်းကူးကျော်ပီ ခလေး ပဲခူးရောက်ဖို့အများကြီး မလိုတော့ဘူး"

"ဘယ်မှာတည်းမှာလဲ"

"ပဲခူး မရောက်ခင်လေးမှာ The Sign hotel ရှိသေးတယ်"

"အော်"

"ခလေးလေး"

"ရှင်"

"ဦးအရမ်းပျော်တယ် သိလား"

"သိတာပေါ့"

"ခလေးကို ခိုးပြေးလာရတာ အိပ်မက်လိုပဲ"

"အိပ်မက်မဟုက်ဘူး ဘေဘီဦးနောက်တကယ် လိုက်လာတာ"

ပြောပီး သူ့ပါးလေးအား ဖျက်ခနဲလာနမ်းသည်
သူမလေး လက်လေးအား တချက်နမ်းကာ ဆုပ်ကိုင်ထားရင် ကားမောင်းနေသည်

အချစ်တေနဲ့ မောင်းနှင်တဲ့ ကားလေး တဖြေးဖြး
ပဲခူးက The Sign Hotelလေးကို ရောက်လာပီ

"မင်္ဂလာပါရှင်
ပဲခူး The Sign hotel မှ ကြိုဆိုပါတယ် ဘာများကူညီပေးရမလဲရှင်"

"ရေကန်ရှေ့တည်တည့်က VIP roomလိုချင်တယ်"

"ဟုက်ကဲ့ ကျမတို့ဟိုတယ်မှာ ရေကန်ရှေ့တည့်တည့်က VIP roomက တခန်းပဲရှိပါတယ်ရှင့်
အဲ့အခန်းကလဲ ကျမတို့MDရဲ့သီးသန့်ခန်းမို့ငှားပေးလို့မရပါဘူးရှင်"

"မန်နေဂျာခေါ်လိုက်"

"ရှင် ဟုက်ကဲ့"

"မန်နေဂျာရောက်ပါပီရှင်"

ခမ်းနားသောချစ်ခြင်း (Complete)Where stories live. Discover now