💜💜ခမ်းနားသောချစ်ခြင်း💜💜
💜💜💜(အပိုင်း-17)💜💜💜"ဘယ်နားလဲ"
မေးတော့ နှုတ်ခမ်းလေးပုတ်ပြပီး
"ဒီနား"
"မနမ်းချင်ဘူး"
"ခလေးကလဲဘယ်နားလဲမေးပီးမှ"
"မသိဘူး ဘေဘီမနမ်းချင်သေးဘူး နမ်းချင်မှနမ်းမယ်နော် "
"ခလေးကလဲ"
"လွှတ်တော့နော်"
ပြောရင်းဖတ်ထားတဲ့ဦးရဲ့လက်ကိုဆွဲဖြုတ်နေတော့
"ဦးကခလေးကိုအတင်းအကြပ်လုပ်ခိုင်းသလိုဖစ်နေတာကိုး"
ပြောရင်းဖတ်ထားတဲ့လက်ကိုဖြုတ်လ်ိုက်တော့
"ဦး စိတ်ဆိုးသွားတာလား"
"မဆိုးပါဘူး"
ပြောပီးနှုတ်ခမ်းကိုတင်းတင်းစေ့ထားတဲ့ဦး
"ဦး……"
ချွဲသံလေးနဲ့ရင်ခွင်ထဲဝင်လာတဲ့ခလေးမ
"ဦး နောက်တခွန်းခေါ်လို့မှမထူးရင်ဘေဘီ့အဆိုးမဆိုနဲ့နော်"
"ဦး"
"…"
"ဟာ မထူးဘူးနော် တွေ့မယ်"
ဆ်ိုပီး ဦးရဲ့ကော်လံစကိုဆွဲလိုက်ပီး နှုတ်ခမ်းချင်းထိကပ်လိုက်တော့
ပေကပ်ပီးစိတ်ဆိုးချင်ယောင်ဆောင်နေရာမှ
ခလေးနှုတ်ခမ်းအိအိလေးကသူ့နှုတ်ခမ်းကို လာထိကပ်လာတဲ့
အတွေ့ကြောင့် နှလုံးခုန်နှုန်းတေမြန်လာပီးကျောက်ရုပ်တရုပ်လိုငြိမ်သက်သွားတယ်သူမ နမ်းတာတောင်တည်တည်ကြီးငြိမ်နေတဲ့ဦးကြောင့်
"ဟင် စိတ်ဆိုးမပြေသေးဘူးလား"
ဆိုရင်းဦးကော်လံစကိုထပ်ဆွဲကာ
အပေါ်နှုတ်ခမ်းလေးကိုထိရုံမဟုက်ပဲစုပ်ယူလိုက်တဲ့ဘေဘီ
ဒီတခါဘေဘီ့အနမ်းကြောင့်မျက်လုံးမှိတ်သွားရသူကဦးမှိတ်လုံးမှိတ်ထားပီးသူမလေးနှုတ်ခမ်းနွေးနွေးလေးကရလာမဲ့နူးညံ့မှုကို
မတုန်ပြန်ပဲခံယူနေမိသည်သူ့ရဲ့အောက်နှုတ်ခမ်းပါးလေးကိုထပ်မံစုပ်ယူလိုက်တဲ့
နွေးထွေးတဲ့အထိအတွေ့ကြောင့် သင်္ကေတ တကိုယ်လုံးရှိန်းခနဲဖစ်ကာ ခြေတေလက်တေချက်ချင်းအေးသွားတာကိုယ့်ကိုယ်ကိုပင်သတိထားမိသည်
နှုတ်ခမ်းဖူးဖူးလေးနဲ့သူ့ရဲ့အပေါ်နှုတ်ခမ်းရောအောက်နှုတ်ခမ်းရောတလှည့်စီနမ်းရှိုက်နေတဲ့ခလေးကြောင့် သူ့နားမှာရှိတဲ့သူမလေးရဲ့ပေါင်ဖွေးဖွေးလေးကိုပဲအကြောင်းမဲ့ဖျစ်ညှစ်နေမိသည်
10စက္ကန့်လောက်လေးနမ်းပီးခွာသွားတဲ့သူမလေး

YOU ARE READING
ခမ်းနားသောချစ်ခြင်း (Complete)
RomanceFb က ဟာကိုကြိုက်လို့ပြန်ပြီး ကူးယူတင်ထားပါနော် မူရင်း Author ကို credit ပေးပါတယ်နော်