Part-37

4.3K 100 0
                                    

💜💜ခမ်းနားသောချစ်ခြင်း💜💜
💜💜💜(အပိုင်း-37)💜💜💜

"ခလေးသူငယ်ချင်းတေက ခလေးအိမ်လိုက်ကြမှာလား"

"ဟုက်တယ်"

"ဟာ အသံကြီးကလဲ ဘာလဲဦးကို မကျေနပ်နေတာလား"

"ဟုက်တယ် မကျေနပ်ဘူး ဦးဘေဘီ့ကို အထင်သေးနေတာမလား ဒီစားတာလောက်ကို ဘေဘီမရှင်းနိုင်ဘူးထင်နေတာမလား
ဘာကိစ္စdiscountရပြန်တာလဲ"

"ဟာကွာ အပစ်တေကြီးကုန်ပီ ဒီမှာကြည့် ဦးကို"

"ဟွန့် "

"အဟက် ခေါင်းမာတဲ့ ခလေးလေး ဦးကိုကြည့်"

လွှဲထားတဲ့မျက်နှာလေးကို သူ့ဘက်လှည့်စေကာ

"…"

"ဦးပြောပြမယ် အခုဦးနေရာမှာ ဖေဖေမေမေတို့ကိုခေါ်ပီး ခလေးသူငယ်ချင်းတေကိုကျွေးပီဆိုပါတော့ ဘယ်သူ့ကိုရှင်းခိုင်းမလဲ"

"ဖေဖေမေမေတို့"

"ဘာလို့လဲ"

"ဘေဘီ့ အုပ်ထိန်းသူတေလေ"

"အင်းပေါ့ ဦးကိုရောအဲ့လိုတွေးမပေးချင်ဘူးလား"

"သိဘူး"

"ခလေးကကလေးလေးပဲရှိသေးတာ အုပ်ထိန်းသူရှိရမယ်
အိမ်မှာဆိုရင် ဖေဖေမေတို့က အုပ်ထိန်းသူ
အပြင်မှာဆို ဦးက အုပ်ထိန်းသူ Okလား ခလေး အတွက် ဦးကိုသူစိမ်းလို့မတွေးဘူးဆိုရင်ပေါ့"

"အင်း"

"Ok အာ့ဆို ခုနကဝိုင်းမှာ ဦးရှင်းသင့်လား ခလေး ဘာသာရှင်းသင့်လား"

"ဦး"

"ဟုက်ပီ အာ့ဆို ပီးရော"

ပြောရင်းသူ့walletထဲကတသောင်းတန်ငါးရွက် ထုတ်ပီး သူ့ပေါင်ပေါ်က ဘေဘီ sling bag အိတ်လေးထဲထည့်ပေးနေသည်

"ဟာ ဦး တော်ပီ ထားလိုက်တော့ ခုနကဘေဘီတို့စားတာ အဲ့ထက် အများကြီးပိုကျတယ်လေ"

"မရဘူး အဲ့ဒါ ခလေးအရမ်းရှင်းချင်နေလို့ discountဆိုပီးလုပ်လိုက်တာ အကုန်ဦးပဲရှင်းရမှာ"

"ဦးကလဲ ဘေဘီက"

"ကျစ် ဦး လူကြီးလား ခလေးလူကြီးလား"

"ဦးလေ"

"ဟုက်တယ် ခလေး လူကြီးဖစ်တဲ့ချိန် ဖေဖေမေမေတို့ကိုရော ဦးကိုရော လုပ်ကျွေးရမှာ စိတ်ချ ဦးက ဦးအိုဇာတာကောင်းအောင် ရင်းနှီးမြုပ်နှံထားတာ ဟဲဟဲ"

ခမ်းနားသောချစ်ခြင်း (Complete)Where stories live. Discover now