Part-52

4.2K 86 0
                                    

💜💜ခမ်းနားသောချစ်ခြင်း💜💜
💜💜💜(အပိုင်း-52)💜💜💜

"MDတို့အချစ်ကိုတော့ defination ဖွင့်တတ်ဘူး
ကျွန်တော်ဆိုရင် နဒီ့ကိုချစ်မိသွားတော့"

"ဟမ်"

အကုန်ဝိုင်း ဟမ် မှ ရှင်းပြနေရင်း သူ့စကားမှားမှန်းသူသိပီး
နဒီ့ကို ကြည့်တော့ သူ့ကိုကြောင်ကြည့်နေသည်

"ဟို မဟုက်ဘူး ဟို"

"ဟိုမနေနဲ့တော့ လက်စနဲ့ ငါတို့ရှောင်ပေးမှ ရတော့မယ်"

"အဟင်း"

"ကဲလာ လာ သွားကြမယ်  ဆက်ပြောကြနော် အရှိန်မထိန်းမှတော့ ကန်တင်းကြီးမှာ ဖွင့်ပြောရပီ မroလိုက်တာ သွေးရာ ဟိ ဟိ"

သွေးအားစကာ ဦးလက်ကိုဆွဲပီး ရွေစင် ကြယ်စင်တို့နဲ့အတူ ထွက်လာသည်

"နဒီ "

"....."

"စိတ်ဆိုးသွားလား"

"....."

"ငါ ငါ ဟုက်တယ်ဟာ ငါနင့်ကိုချစ်တယ်"

ပြောရင်း မျက်နှာချင်းတိုင်ခုံကနေ ဘေးကပ်ရပ်ခုံကိုပြောင်းကာ

"ဟူး ဟုက်တယ် ပြောလိုက်တော့မယ် ငါနင့်ကိုအရမ်းချစ်တယ် အမှန်တိုင်းပြောရင် ဘေဘီ့လိုချစ်ဖို့ကောင်းပီးမသွက်လို့ ငါနင့်ကိုလုံးဝမကြိုက်ဘူး

သူ့စကားသံကြောင့်စိုးရိမ်တဲ့မျက်နှာပေးလေးနဲ့မော့ကြည့်လာတော့

"အချိန်ကြာလာတာနဲ့အမျှ အဲ့ကြောက်တတ်တဲ့မျက်နှာလေးကိုချစ်လာပီ မလှုပ်မယှက်နဲ့ပြောသမှငြိမ်ခံနေတာလေးကို သနားလာပီ ငါ့စကားအမြဲနားထောင်ပီး ငါ့အပေါ်အောက်ခြေသိမ်းဂရုစိုက်တတ်တာလေးကို ပျော်ဝင်နေပီ ငါနင့်ကိုအရမ်းချစ်နေပီ နဒီ"

"ဒါမဲ့"

"ဒါမဲ့မလုပ်နဲ့ နင်ငါ့ကိုချစ်မှန်းသိတယ် ငြင်းဖို့မကြိုးစားနဲ့"

သူ့အားစိုက်ကြည့်နေတဲ့မျက်လုံးလေးတေ အရည်လဲ့လာပီး

"အဟင့်"

"ဟာ ငိုတာလား ဘာလို့ငိုတာလဲ နဒီကလဲဟာ"

"နင်ငါ့ကိုတန်ဖိုးမထားဘူး တောင်းဆိုစရာမလိုတဲ့အချစ်မို့ တန်ဖိုးမထားတာတာမလား"

ခမ်းနားသောချစ်ခြင်း (Complete)Where stories live. Discover now