Part-48

3.7K 91 0
                                    

💜💜ခမ်းနားသောချစ်ခြင်း💜💜
💜💜💜(အပိုင်း-48)💜💜💜

ကားပေါ်မှာတော့ သောကတေနဲ့သင်္ကေတ
သူကိုယ်တိုင်သေချာမသိတဲ့ကိစ္စတေ

"ဒယ်ဒီ ခလေးမိဘတေပြောတာ အမှန်ပဲလား
ဒယ်ဒီက ခလေးတီလေးရဲ့ သူဌေးလား"

"ဟုက်တယ်လေ သားရယ် ဒါမဲ့ စံကားဝါပန်းသေတာ ဒယ်ဒီ့ကို ဘာလို့စွပ်စွဲကြလဲ နားမလည်ဘူး"

"ကျွန်တော်နဲ့ဒယ်ဒီ အရင်ရှင်းမှ ဖစ်မယ်
ခလေးဆီက သိရသလောက် ဒယ်ဒီနေမကောင်းလို့
စံကားဝါပန်းကို တရုတ်ကိုယ်စားလှယ်နဲ့ စာချုပ်ချုပ်ဖို့လွှတ်လိုက်တဲ့အချိန်မှာ သူအဖျက်ဆီးခံလိုက်ရတယ်"

"ဟာ ဟုက်လား ဒယ်ဒီအဲ့ကိစ္စတေလုံးဝမသိဘူး
Mr.Lim ဟုက်တယ် ဒယ်ဒီနေမကောင်းလို့
Mr.Limနဲ့စာချုပ်ချုပ်ဖို့သွားခိုင်းတာ"

"အင်း အဲ့လူအခုဘယ်မှာလဲ ဒယ်ဒီသိလား"

"အဲ့လူကဆုံးသွားပီလေ သုံးနှစ်လောက်တောင်ရှိပီ
ဒီလူက စံကားဝါပန်းကိုဖျက်ဆီးခဲ့တာပေါ့လေ ဒါဆိုဒယ်ဒီ့မှာတာဝန်ရှိတယ်"

" ပိုဆိုးတာက အဲ့လူက ဒယ်ဒီကိုယ်တိုင် စံကားဝါပန်းကို သူ့အတွက်ကြံစည်ပေးတာပါဆိုပီးပြောလိုက်တာပဲ"

"မဟုက်ဘူးသား ဒယ်ဒီလုံးဝအဲ့လို မလုပ်ဘူး အဲ့လောက်အောက်တန်းမကျဘူး"

"စံကားဝါပန်းလဲ အဲ့လိုပဲတွေးပီး ဒယ်ဒီကို သွားရှာတယ်တဲ့ အဲ့မှာ နေမကောင်းဘူးဆိုတဲ့ ဒယ်ဒီက ဘန်ကောက်မှာအပျော်ခရီးထွက်နေတယ်ဆိုတော့ ကြံရာပါဆိုပီး ယုံကြည်သွားတာပဲ"

"အဲ့မှာလွဲတာထင်တယ် သားမှတ်မိလား လွန်ခဲ့တဲ့ ဆယ်နှစ်နှစ်လောက်က ဒယ်ဒီ နှလုံးခွဲစိတ်မှုလုပ်ရတယ်လေ"

"ဟာ အဲ့ချိန်က စံကားဝါပန်း"

"ဟုက်တယ် ဒယ်ဒီသေချာမှတ်မိပီ သူ့ကိုခိုင်းတာ ဒယ်ဒီတကယ်နေမကောင်းလို့ ခိုင်းလိုက်တာပါ ခိုင်းပီးတော့ဒယ်ဒီ နှလုံးဖောက်လို့ဒီမှာအရေးပေါ်ကုပီး အနီးဆုံးရှိတဲ့ဘန်ကောက်ကိုသွားခွဲရတာလေ သားမှတ်မိလား"

"အော် ဟုက်ပီ ကောလဟာလတေထွက်မှာစိုးလို့ Company မှာ အပျော်ခရီးထွက်တယ်ပဲ သတင်းလွှင့်ထားတာအဲ့ချိန်က ဒါ့ကြောင့် သူသေတော့ ခလေးမိဘတေCompanyကိုလာတာ တခြားCompanyဖစ်နေတယ်ပြောတာကိုး ကျွန်တော်ဝင်လုပ်တော့The Signပြောင်းသွားတာကိုး"

ခမ်းနားသောချစ်ခြင်း (Complete)Where stories live. Discover now