Part-13

5K 134 1
                                    

💜💜ခမ်းနားသောချစ်ခြင်း💜💜
💜💜💜(အပိုင်း-13)💜💜💜

"ဟင်းးးလေးရက်တောင်ရှိပီ ဦးတ ဖုန်းလဲမခေါ်ဘူး လာလဲမတွေ့ဘူး"

"ဟုက်ပီ ဒီနေ့စာကြည့်တိုက်သွားရမယ် နင်ကရှက်ရှက်နဲ့အိမ်တွင်းပုန်းနေတာကိုး ဦးတနဲ့ဘယ်လိုတွေ့မလဲဘေဘီရဲ့"

ပြောရင်းရေချိုးခန်းထဲပြေးဝင် ရေမိုးချိုးအလှပြင်ပီး မှန်ကြည့်ကာ

"ဒီနှုတ်ခမ်းလေးကသိပ်ချစ်ဖို့ကောင်းလို့ ဦးတကနမ်းချင်သွားတာထင်ပါတယ် ဘာကြောင့်ဖစ်ဖစ်ဦးတနဲ့မှမတွေ့ရရင်မနေနိုင်တာ နင်ကစချော့လိုက်နော် လိမ်မာတယ် ဘေဘီလေး"

မှန်ကြည့်ကာတယောက်ထဲပြောပီး
အဝတ်အစားလဲကာစက်ဘီးလေးစီးပီးထွက်လာခဲ့သည်

"ဦးတနဲ့တွေ့ရင် ဘာပြောရင်ကောင်းမလဲ
အရင်ဆုံးဘေဘီကရှက်ပီး ဦးတစိတ်မကောင်းအောင်ပြောမိသွားလို့တောင်းပန်ရမယ် ဟုက်တယ်"

စက်ဘီးလေးစီးလာရင်းလမ်းထိပ်ရောက်ပီ စောင့်နေကြနေရာလေးမှာကားတစီးပဲရှိတယ် ဦးတကို အစအနတောင်မတွေ့ဘူး

"စာကြည့်တိုက်မှာ စောင့်နေတာလဲဖစ်နိုင်တာပဲလေ
ဟုက်တယ် စာကြည့်တိုက်ကိုဆက်သွားမယ်"

စက်ဘီးလေးဆက်စီးကာစာကြည့်တိုက်ကိုရောက်တော့

"ဟင် မရှိပြန်ဘူး ဦးတကလဲ
အင်းပါ ဘေဘီစာလုပ်နေတုန်းရောက်လာနိုင်တာပဲလေ
စာသေချာလုပ်ရမယ် ဦးတလာရင်တော်လိုက်တဲ့ ခလေးလေးဆိုပီး ချီးကျူးအောင် ဟီးး"

တနေကုန်စာလုပ်လိုက် ဦးတကိုမျှော်လိုက် လာမှာပါဆိုပီးအားတင်းထားပေမယ့် မလာတော့မှာအရမ်းကြောက်မိတယ်

"ဦးတ မလာဘူးပဲ ဒီနေ့မအားတာနေမှာပါ နောက်နေ့လာမှာပေါ့"

မိုးချုပ်ကာနီးထိ ဦးတကိုပေကပ်စောင့်ကာ စာထိုင်လုပ်နေပီးမှ စက်ဘီးလေးစီးပီးပြန်သွားသည်

"ကျစ် ဒီခလေးမလေးကတော့ မိုးချုပ်တော့မှာကို ခုမှပြန်တယ် အိမ်မှာဆက်လုပ်လဲရတာကို"

"အိမ်ပြန်တော့မလား MD"

"ပြန်စရာလား ခလေးစက်ဘီးနောက်ကလိုက် မှောင်တော့မယ် မကြောက်မလန့်နဲ့ကွာ"

ခမ်းနားသောချစ်ခြင်း (Complete)Where stories live. Discover now