Part-29

4.5K 106 0
                                    

💜💜ခမ်းနားသောချစ်ခြင်း💜💜
💜💜💜 (အပိုင်း-29)💜💜💜

"အဲ့ဆောင့်တွန်းတာက ခလေးကိုဟင်းရည်နဲ့ပက်လို့တွန်းတာ
ဒီလိုညိုအောင်လုပ်ထားမှန်းသိလို့ကတော့ ရှိသမျှအတွင်းအား အကုန်ထုတ်ပီး ကမ္ဘာအပြင်ဘက်ရောက်အောင်ထိ လွှင့်ပစ်လိုက်တယ် အဲ့ကောင်မလေးကို"

"အင်းပါ ဦးရဲ့ နောက်မှ တရုတ်ပြည်သွားပီး
ရေခဲတောင်လက်ဝါးသိုင်းတို့ ဘာတို့သွားသင်ကြမယ်
အခုတော့ ဆေးမြန်မြန်လိမ်းတော့"

"ခလေးနော် လာမစနဲ့ ဦးတကယ်စိတ်တိုနေတာ"

"ဦးလဲစိတ်မတိုနဲ့တော့ ဘေဘီတကယ်နာနေပီ ဆေးလိမ်းတော့မြန်မြန်"

"အော် အင်း ဟုက်ပါပီ ဟုက်ပါပီ  လိမ်းပေးမယ်နော်"

ညိုမဲသွားသော ဒဏ်ရာလေးအား ဆေးလေးဖွဖွလိမ်းကာ

"ခလေးနားမှာနေရင်လေ bioplacenton တို့ votexတို့ betdineတို့က အမြဲတမ်းဆောင်ထားနေရတယ်"

"အမလေး ဆေးလေးလိမ်းပေးရတာကို ငြိုငြင်နေတယ် သွား လာမလိမ်းနဲ့"

"ဟာ မငြိုငြင်ပါဘူး ခလေးခဏခဏထိခိုက်နေလို့ပြောတာကို"

"…"

နှုတ်ခမ်းစူနေပီး စကားမပြောတော့တဲ့ခလေးမလေး
တခါတခါ ဘာမှမပြောပဲစိတ်ကောက်တတ်တဲ့ကောင်မလေးကြောင့် ဆေးလိမ်းနေတာရပ်လိုက်ပီး အင်္ကျီလေးဆွဲချပေးကာ အနောက်ကနေအုပ်မိုးဖက်လိုက်ပီး

"ဦးကလေ ခလေးတစုံတခုလေးကြောင့်  ဒဏ်ရာသေးသေးလေးရခဲ့ရင်တောင် ဦးရင်ဘက်ထဲကနာတယ် အာ့ကြောင့်ပြောမိတာပါ ခလေးကိုဒီလောက်ဆေးလိမ်းပေးရတာလောက်မပြောနဲ့  ဒီ့ထက်အများကြီးလဲပြုစုနိုင်တယ်
ဦးနဲနဲလေးတောင်မငြိငြင်ပါဘူး ဒါမဲ့ခလေးကိုနဲနဲလေးတောင် မထိခိုက်စေချင်တာပါ ဦးစေတနာကိုနားလည်ပေးနော်"

"…"

"ခလေး စကားပြောလေကွာ"

"…"

"ခလေးကကွာ ဘာမှမဟုက်တာလေးကိုအထအဏလိုက်ကောက်ပီး  စိတ်ကောက်ပြန်ပီ စိတ်ကောက်စရာလား ဦးပြောတာဘာစိတ်ကောက်စရာပါလို့လဲကွာ"

ခမ်းနားသောချစ်ခြင်း (Complete)Where stories live. Discover now