Part-31

4.5K 105 0
                                    

💜💜ခမ်းနားသောချစ်ခြင်း💜💜
💜💜💜(အပိုင်း-31)💜💜💜

ဘေဘီနဲ့နေ့လည်စာမစားခင်ကရော စားပီးကတည်းကရော ဘေဘီထိုင်တဲ့sofaပေါ်မှာထိုင်ပီး စားပွဲပေါ် laptop နှစ်လုံးတင်ပီး ဖိုင်တွဲတေအများကြီးနဲ့ ဦးတောက်လျှောက်အလုပ်တေ လုပ်နေရတာ

"ဦး ဘေဘီပြန်တော့မယ်လေ ဦးလဲအလုပ်ရှုပ်နေတာ"

"အတန်းချိန်မရှိဘူးမလား နေပါဦးခလေးရဲ့ ပျင်းနေပီလား ဦးဒါလေးပီးရင်ပီးပီ"

"မပျင်းပါဘူး ဦးအလုပ်ရှုပ်နေလို့ ဘေဘီရှိရင်ပိုရှုပ်နေမှာစိုးလို့"

"ဘာလို့ ရှုပ်ရမှာလဲ ခလေးရှိလို့ ဦးအလုပ်လုပ်ရတာ ပိုစိတ်ကြည်တာ မဟုက်ရင် ဒီလိုပုံမျိုးနဲ့ဆို ဝန်ထမ်းတေအကုန်အော်ခံထိပီးပီ"

"ဟီး အင်းပါ"

"အား ကျစ်"

"ဘာဖစ်လို့လဲ ဦး တချိန်လုံးခေါင်းပဲနှိပ်နေတယ်"

"ခေါင်းကိုက်နေတာ မနက်ကတည်းက အာရုံစိုက်စရာတေတအားများနေလို့ထင်တယ်"

"ဘေဘီနှိပ်ပေးရမလား"

"နေပါဗျာ လက်သေးသေးလေးတေနာနေပါ့မယ်"

"မနာပါဘူး နှိပ်ပေးမယ် အာ့တေခဏရပ်ပီး လှဲလိုက် ခေါင်းအုံးလေးသွားယူပေးမယ်"

ထလိုက်တဲ့ဘေဘီ့ကို လက်ကပြန်ဆွဲချပီ

"ခဏ မယူနဲ့ ပြန်ထိုင် ခလေးပေါင်ပေါ်မှာပဲအိပ်တော့မယ်"

"ဦး ခေါင်းခဏကြွပါဦး ဘုန်းနိမ့်လိမ့်မယ် ထ"

"မနိမ့်ပါဘူး ယောက်ျားနဲ့မိန်းမ ပက်သတ်မှုတေမှာ ဘုန်းနိမ့်တာမရှိဘူး"

"ဟုက်ဘူးလေ"

"ငြိမ်ငြိမ်နေကွာ ဦးခေါင်းကိုက်နေတယ်"

"အင်းပါ ခဏမှေးလိုက် ဘေဘီနှိပ်ပေးမယ်"

"ရပါတယ် မနှိပ်ပါနဲ့ဆို လုပ်ပေးချင်သပဆို ဦးခေါင်းလေးကိုသပ်ပေးနေ"

"ဟွန်း ခလေးကလုပ်ချင်သေး"

ဆူပုတ်ပုတ်ပြောရင်း ပေါင်ပေါ်ကခလေးကြီးရဲ့ခေါင်းကို ဖွဖွလေးသပ်ပေးနေသည်

ခမ်းနားသောချစ်ခြင်း (Complete)Where stories live. Discover now