Part-23

4.6K 116 0
                                    

💜💜ခမ်းနားသောချစ်ခြင်း💜💜
💜💜💜(အပိုင်း-23)💜💜💜

"ဦးလိုက်ပို့ပါ့မယ်ဆို"

"မဟုက်ဘူး သူတ်ို့နဲ့ထွက်လာတာမို့လို့ ပီးတော့ဘေဘီ့အိမ်မှာအကုန်လုံးလိုက်အိပ်ကြမှာဒီည "

"ဟုက်လား အားကျလိုက်တာ"

"စိတ်တောင်မကောင်းပါဘူး ကြယ်တို့ကဒီညဘေဘီ့ကိုဖက်ပီးအိပ်ကြမှာ"

"နဲနဲပဲဖက်ကြနော် သူများခလေးကို"

"ဟားဟားဟား"

အကုန်သင်္ကေတကိုဝိုင်းရီကြသည်

"ကဲသွားမယ်လေ"

"အင် ဦးဘေဘီသွားပီ အော်ဦးမနက်ဖန်လာခေါ်မနေနဲ့ဦးနော် "

"အင်းပါ ဘိုင့်ဘိုင်ခလေးလေး"

ဘေဘီ့စီးသွားတဲ့ကားလေးကိုမျက်စိတဆုံးလိုက်ကြည့်ပီ

"ဟင်းးးး မနက်ဖန်လဲမတွေ့ရဘူးတဲ့လေ"

"နောက်နေ့တွေ့ရမှာပေါ့MDရဲ့"

"အင်းပါ အိမ်ပြန်ကြမယ်"

ဘေဘီတို့ကားလေးပေါ်တွင်တော့

"ဘေဘီ ငါနင့်ဦးကိုအမှတ်အပြည့်ပေးတယ်"

"ဟုက်တယ် နင့်ကိုတော်တော်ချစ်တာ"

"ဟုက်ပ သူ့လိုအလုပ်များတဲ့လူတယောက်က နင့်နောက်က တောက်လျောက်လိုက်လာပီး ဒီလိုတေလုပ်ပေးတယ်ဆိုကတည်းတော်တော်ကိုအလေးထားတာ"

"ပီးတော့လဲရုပ်ကပက်ပက်စက်စက်ကိုချောတာ ဘယ်လိုပြောရမလဲ
မျက်နှာလေးကနုနုရွရွလေးနဲ့မိန်းမတေရှုံးအောင်ချောပေမယ့်
မျက်နှာကြောကျတည်တင်းနေတာ ပီးတော့ကိုယ်လုံးကိုယ်ပေါက်နဲ့
ဝတ်ပုံစားပုံ နေပုံထိုင်ပုံယောက်ျားပီသပီးခန့်ညားနေတာperfectပဲ"

"နဲနဲတော့မာနကြီးမယ်ထင်တယ်နော် ဒါမဲ့လိုက်ပါတယ်
အရမ်းချောပီး ဒီလောက်ချမ်းသာ အရည်အချင်းရှိမှတော့ မာနမကြီးပဲဘယ်နေပါ့မလဲလေ"

"roလိုက်တာလဲပြောမနေနဲ့ ဘေဘီ့မျက်နှာလေးပဲ အရိပ်တကြည့်ကြည့်နဲ့ ထွက်သမျှစကားလုံးတေကလဲချိုသာနေရော"

"S plazaကမိန်းမတေဆို ဘေဘီတယောက်လုံးကို အနားမှာထားပီးဂရုစိုက်နေတာတောင် ဘေဘီ့ဦးကို ကြည့်တာကြည့်တာဆိုတာ မျက်လုံးတေကတဝင်းဝင်းနဲ့"

ခမ်းနားသောချစ်ခြင်း (Complete)Where stories live. Discover now